spot_img

နှစ်ပေါင်း (၁၀၀)ကြာသက်တမ်းရှိ ဆန်စီရိုကွင်းကို စွန့်ခွာပြီး ပေါင်တစ်ဘီလီယံတန် ကွင်းသစ်ပုံဖော်ရန် မီလန်နှစ်သင်း စီစဉ်

အေစီမီလန်အသင်းနှင့် အင်တာမီလန်အသင်းတို့သည် အိမ်ကွင်းအဖြစ် ပူးတွဲအသုံးပြုနေသည့် နှစ်ပေါင်း (၁၀၀)ကြာသက်တမ်းရှိ ဆန်စီရိုကွင်းကို စွန့်ခွာ၍ ပေါင်တစ်ဘီလီယံတန် ကွင်းသစ်စီမံကိန်းအကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း၌ မီလန်မြို့ခံနှစ်သင်းသည် ဥရောပအောင်မြင်မှုများနှင့် ဝေးကွာနေသလို၊ စီးရီးအေတွင်လည်း ဂျူဗင်တပ်စ်အသင်း၏ကြီးစိုးမှုကို မတွန်းလှန်နိုင်ဘဲဖြစ်နေသည်။

myan789

ဂျူဗင်တပ်စ်အသင်းသည် ကိုယ်ပိုင်ကွင်းသစ်ပိုင်ဆိုင်ပြီးနောက် ဝင်ငွေမြင့်တက်လာသလို၊ တစ်ကျော့ပြန်အောင်မြင်မှုများ ပြန်လည်ရယူလာနိုင်သဖြင့် ယင်းဖြစ်ရပ်ကို နမူနာထား၍ ကွင်းသစ်စီမံကိန်းပုံဖော်ပြီး ပုံရိပ်ပြန်လည် မြင့်မားလာစေရန် မီလန်မြို့ခံနှစ်သင်းက မျှော်လင့်နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မီလန်မြို့ခံနှစ်သင်းသည် ကွင်းသစ်စီမံကိန်းပုံစံငယ်နှစ်ခုကို မီလန်မြို့တော်ကောင်စီထံတင်ပြထားကြောင်း သိရသည်။

ကွင်းသစ်စီမံကိန်းတွင် အားကစားဆိုင်ရာအဆောက်အဦများအပြင် ဖျော်ဖြေရေးဧရိယာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်နှင့် စျေးဝယ်စင်တာများထည့်သွင်းသွားရန် စီစဉ်ထားသည်။

မီလန်မြို့ခံနှစ်သင်းက ကွင်းသစ်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် မျှော်လင့်နေပြီး ၂၀၂၃-၂၄ ရာသီအစောဆုံးထား၍ ပြိုင်ပွဲများလက်ခံကျင်းပနိုင်ရန် ရည်ရွယ်ထားသည်။

အေစီမီလန်အသင်း၏ အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်က ”ဆန်စီရိုက ဂန္ထဝင်ကွင်းတစ်ကွင်းဖြစ်ပါတယ်။ မမေ့နိုင်စရာသမိုင်းတွေရှိနေပြီး ကျွန်တော်တို့လေးစားမှုရှိပါတယ်။ ဒါပေမဲ့ အနာဂတ်မျိုးဆက်အတွက် ဆန်စီရိုဟာ အိုဟောင်းနေပါ ပြီ။ ဆန်စီရိုကွင်းထဲက နေရာတချို့ဟာ ပျက်စီးနေ ပါပြီ။ အိမ်သာလိုမျိုး အခြေခံလိုအပ်ချက်တွေလည်း မကောင်းတော့ဘူး။ ဒါက ပရိသတ်တွေအတွက် ကျွန်တော်တို့ ပေးချင်တဲ့အရာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆန်စီရိုမှာ ကျွန်တော်တို့ ကြီးမားတဲ့ လုပ်ငန်းဆောင်တာများစွာ လုပ်နိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းအမှုဆောင်အရာရှိချုပ် အန်တိုနယ်လိုက ဗြိတိန်နှင့် အမေရိကန်တွင် ကွင်းသစ်စီမံကိန်းအကောင်အထည်ဖော်ရန် လွယ်ကူသော်လည်း အီတလီနိုင်ငံ၌ မမျှော်လင့်ထားသည့်အခက်အခဲများရှိနေပြီး ကွင်းသစ်စီမံကိန်းတည်ဆောက်မည့် မြေနေရာအတည်ပြုနိုင်ရန်ပင် အဆင်မပြေမှုများရှိနေသည်ဟု ပြောကြားခဲ့သည်။

စီးရီးအေတွင် ကိုယ်ပိုင်ကွင်းပိုင်ဆိုင်သည့်အသင်းများမှာ ဂျူဗင်တပ်စ်၊ အတ္တလန်တာ၊ အူဒီးနီးစ်နှင့် ဆာဆူအိုလိုတို့ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular