နွေရာသီမှာ လီဗာပူးတို့ ရှင်းထုတ်သွားရမယ့် ကစားသမား ၃ ဦးကို ပြောပြလိုက်တဲ့ အဘွန်လာဟော

အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း ဂါဘီအဘွန်လာဟောက လီဗာပူး အနေနဲ့ ရာသီကုန်မှာ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ အောက်စလိတ်ချိန်ဘာလိန် ၊ နာဘီကီတာ နဲ့ ဖာဘင်ညို တို့ကို အသင်းကနေ ရှင်းထုတ်ကာ ဝါရင့် ကွင်းလယ်လူ ဂျိမ်းမီနာ ကိုတော့ စာချုပ်သစ် ချုပ်ဆိုသွားသင့်တယ်လို့ ပြောလိုက်ပါတယ်။ ကီတာ နဲ့ ချိန်ဘာလိန် တို့ဟာ ရာသီကုန်မှာ လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး အဆိုပါ ကစားသမား ၂ ဦးဟာ ကလပ်ကနေ free transfer နဲ့ ထွက်ခွာဖို့ သေချာသလောက် ဖြစ်နေပါတယ်။

အခြား တစ်ဖက်မှာတော့ ဖာဘင်ညိုဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ရုန်းကန်နေရပြီး ဒီအတွက်ကြောင့်လည်း အဘွန်လာဟောက အကျပိုင်းကို ရောက်သွားပြီ ဖြစ်တဲ့ ဖာဘင်ညိုနဲ့ လီဗာပူးတို့ လမ်းခွဲသင့်တယ်လို့ ယူဆနေတာပါ။ မီနာဟာ ရာသီကုန်မှာ ကလပ်နဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း အဘွန်လာဟောက ကလော့ အနေနဲ့ ၎င်းရဲ့ ခေါင်းဆောင်မှု စွမ်းရည် နဲ့ နေရာစုံ အသုံးချနိုင်တဲ့ အရည်အသွေးကို လိုအပ်နေအုံးမှာ ဖြစ်တာကြောင့် ကလပ်မှာ ဆက်ထိန်းထားသင့်တယ်လို့ အကြံပေး ခဲ့ပါတယ်။

myan789

အဘွန်လာဟောက “ကျနော် ကတော့ မီနာရဲ့ အတွေ့အကြုံ နဲ့ ခေါင်းဆောင်မှု စွမ်းရည် တို့ဟာ ဒီအသင်းအတွက် လိုအပ်နေဆဲလို့ ထင်ပါတယ်။ ဖာဘင်ညို ကတော့ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်သွားသင့်ပါတယ်။ ကီတာလည်း ထွက်သွားမှာပါ။ အောက်စလိတ်ချိန်ဘာလိန် ကလည်း ကလပ်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။ ဒ့ါကြောင့် လီဗာပူးဟာ မီနာလို ကစားသမားမျိုးကို အသင်းမှာ လိုအပ်မှာ ဖြစ်ပါတယ်။

ကစားသမားသစ်တွေ ကတော့ လီဗာပူးအသင်းကို ၀င်ရောက်လာမှာ သေချာပါတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းမှာ ဒဏ်ရာ ပြသနာတွေ များပြားနေမလား ဒါမှမဟုတ် အသစ် ရောက်လာခဲ့တဲ့ ကစားသမားတွေ အနေနဲ့ အသင်းမှာ ချက်ချင်း အထိုင်ကျနိုင်ပမလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါ့ကြောင့် မီနာဟာ အသင်းမှာ သေချာပေါက် ဆက်ထိန်းထားဖို့ လိုအပ်တဲ့ ကစားသမား ဖြစ်ပါတယ်။

သူဟာ ပုံမှန် ပွဲကစားခွင့် မရတဲ့ အတွက် ငြီးတွားနေမယ့် ကစားသမား မဟုတ်ပါဘူး။ သူဟာ သူ့ရဲ့ အခန်းကဏ္ဍကို သူသိပါတယ်။ ကျနော်သာ ကလော့ရဲ့ နေရာမှာ ဆိုရင်တော့ မီနာကို စာချုပ်သစ် သေချာပေါက် ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ သူ့ထက် အတွေ့အကြုံများတဲ့ ကစားသမားက ရှားရှားပါးပါးပါ။ သူဟာ အသင်းက လိုအပ်မယ် ဆိုရင် နေရာ တော်တော်များများမှာ ၀င်ရောက် ကစားပေးနိုင်စွမ်း ရှိတဲ့သူလည်း ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular