အာဆင်နယ်အသင်း၏ တိုက်စစ်မှူးသစ် ဂျေးဇူးက နံပါတ် (၉)နေရာတွင် ပြန်ကစားရ၍ အလွန်ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။
ဂျေးဇူးသည် မန်စီးတီးအသင်းသည် တောင်ပံကစားသမားအဖြစ်သာ အများဆုံးကစားခဲ့ရသလို၊ ဘရာ ဇီးလ်လက်ရွေးစင်အသင်းတွင်လည်း ယင်းနေရာ၌ပင် ကစားနေရခြင်းဖြစ်သည်။
ထို့ကြောင့် “ကမ္ဘာ့ဖလားအပြီးမှာ ကျွန် တော့်အနေနဲ့ နံပါတ် (၉)နေရာ ပြန်မကစားရနိုင်တော့ဘူးလားလို့တောင် တွေးမိခဲ့ပါတယ်။ အခုလို ပြန်ကစားခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ တိုက်စစ် (၃) နေရာစလုံးကစားနိုုင်ပေမဲ့ ကျွန်တော်က နံပါတ် (၉)ကစားသမားပါ”ဟု ဆိုခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဂျေဇူးသည် မန်စီးတီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသည့်အတွက် ယခုနွေတွင် အာဆင်နယ်အသင်းထံသို့ ပေါင် (၄၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်တွင် (၂) ပွဲကစား (၂) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားသည်။