spot_img

နောက်ရာသီ အစပိုင်းကာလမှာ ရပ်ရှ်ဖို့ကို ဆုံးရှုံးနိုင်ဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစား သမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ ဒဏ်ရာကို ခွဲစိတ်ကုသရမယ့် အနေအထား ကြုံတွေ့နေရတဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဘောလုံး ရာသီ အစပိုင်းလောက်မှာ သူ့ကို ဆုံးရှုံးရနိုင်ဖွယ် ရှိနေတယ်လို့ သိလိုက်ရ ပါတယ် ။

ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီရဲ့ အချိန်အများစုမှာ ခြေထောက် ဒဏ်ရာ ၊ ပုခုံး ဒဏ်ရာတွေနဲ့ ပွဲစဥ်တွေ ကစားခဲ့ရပါတယ် ။ ဒါတွေအပြင် သူဟာ ဆေးဝါးကုသမှု မခံယူသေးပဲ ယူရို 2020 ပြိုင်ပွဲ ပြီးဆုံးသည့်အထိ ဆက်လက် ကစားဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ် ။

myan789

ရပ်ရှ်ဖို့ဟာ နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် ကစားပေးပြီးမှ အနည်းဆုံး ဒဏ်ရာ တစ်ခုခုကို ကုသသွားဖို့ ရှိနေတယ်လို့ mirror က ဖော်ပြသွားပါတယ် ။ အထူးသဖြင့် အင်္ဂလန် လက်ရွေးစင်ဟာ ဒဏ်ရာတစ်ခုကိုပဲ ကုသလိုပါက ခြေထောက် ဒဏ်ရာကို ဦးစားပေး ကုသသွားပါလိမ့်မယ် ။

အခြားတစ်ဖက်မှာတော့ မားကပ်စ် ရပ်ရှ်ဖို့ဟာ ပွဲစဥ်တွေ ဆက်တိုက် ကစားခဲ့ရတဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 57 ပွဲ အထိ ကစားပေးခဲ့ရပြီး အနားယူချိန် နည်းပါးခဲ့ပါတယ် ။ အခုလည်း ယူရို ပြိုင်ပွဲမှာ ပွဲစဥ်တွေ ဆက်တိုက် ကစားပေးရဖို့ ရှိနေပါသေးတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ဒဏ်ရာတွေ ရှိနေသေးဆဲ ရပ်ရှ်ဖို့က ဂါးရတ်ဆောက်ဂိတ် ဦးဆောင်နေတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင်လိုနေပြီး ပွဲစဥ်တိုင်း ပွဲထွက် ကစားပေးခွင့် ရရှိသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ် ။

အကယ်လို့ အင်္ဂလန် လက်ရွေးစင်အသင်းကသာ ယူရို ပြိုင်ပွဲမှာ အကြောင်းလှပြီး ဖိုင်နယ် အထိ တက်ရောက်သွားနိုင်ခဲ့မယ်ဆိုရင် ကစားသမားတွေဟာ ဂျူလိုင်လ 11 ရက်နေ့ အထိ ပွဲစဥ်တွေကို ဆက်လက် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

အခြားတစ်ဖက်မှာတော့ လာမယ့်နှစ် ပရီးမီးယားလိဂ် ဘောလုံး ရာသီကို သြဂုတ်လ 14 ရက်​နေ့မှာ ပြန်လည် ကျင်းပသွားဖို့ ရှိနေပါတယ် ။ ဒီလိုသာဆိုရင် ရပ်ရှ်ဖို့ဟာ ခွဲစိတ် ကုသမှု လုပ်ဆောင်ဖို့ ၊ ပြီးရင် အလျင်မီ ကြံ့ခိုင်မှု ပြည့်ဝအောင် လုပ်ဆောင်နိုင်ဖို့ တက်စွမ်းနိုင်မှာ မဟုတ်တော့ ပါဘူး ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားကို လာမယ့် ဘောလုံး ရာသီ အစပိုင်းလောက်မှာ အချိန်အတိုင်းအတာ တစ်ခုထိ ဆုံးရှုံးသွားနိုင်ခြေ ရှိနေတာပဲ ဖြစ်ပါတယ် ။ ဒါဟာ ရပ်ရှ်ဖို့ရဲ့ အင်္ဂလန်အတွက် တတိယမြောက် နိုင်ငံတကာ ပြိုင်ပွဲ ကစားခြင်းဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူဟာ အောင်မြင်မှု တစ်ခုခု ရရှိနိုင်ဖို့ စိတ်အားထက်သန် နေပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular