spot_img

နိုင်ငံတကာရက်သတ္တပတ်တွင် Red List နိုင်ငံများသို့ ကစားသမားမစေလွှတ်ရန် ဆုံးဖြတ်ချက်ကို ပရီးမီးယားလိဂ်နည်းပြများ ထောက်ခံ

နိုင်ငံတကာရက်သတ္တပတ်ကာလတွင် ဗြိတိန်အစိုးရက Red List သတ်မှတ်ထားသည့် နိုင်ငံများသို့ ကစားသမားစေလွှတ်ခြင်းမပြု ရန် ဆုံးဖြတ်ထားသည့် ကလပ်အသင်းများ၏ ဆုံးဖြတ်ချက်ကို ပရီးမီးယားလိဂ်နည်းပြများက ထောက်ခံခဲ့ကြောင်း သိရသည်။

ဗိတိန်အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းအရ Red List နိုင်ငံ များမှ ရောက်ရှိလာသူများအနေဖြင့် Quarantine ၁၀ ရက် မဖြစ်မနေ နေထိုင်ရမည်ဖြစ်ရာ ကစားသမား များအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်အပြီး ယှဉ်ပြိုင်ကစားမည့်ပွဲစဉ် များကို လွဲချော်ဖွယ်ရှိနေသည်။ ယင်းအခြေအနေအတွက် ကစားသမားများအား ကင်းလွတ်ခွင့်ပြုရန် ပရီးမီးယားလိဂ်နှင့် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA) တို့က ဗြိတိန်အစိုးရ ကို တိုက်တွန်းခဲ့သော်လည်း အဖြေ ရှာမရသဖြင့် ကစားသမားစေလွှတ်ခြင်းမပြုရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

myan789

ကလပ်အသင်းများ၏ ဆုံးဖြတ် ချက်နှင့်ပတ်သက်၍ မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာက “ကျွန် တော်တို့က ကစားသမားတွေကို သွားခွင့်ပြုရင် သုံးပွဲကစားရမှာပါ။ ပြီးသွားရင် ပရီးမီးယားလိဂ်မှာ လက် စတာနဲ့ ထပ်ကစားဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ သူတို့က တစ်ပတ်၊ ၁၀ ရက်လောက် သီးသန့်ခွဲနေရမှာဖြစ် လို့ လေ့ကျင့်မှုလည်း မလုပ်နိုင်ပါဘူး။ အဲဒါက အဓိပ္ပာယ်မရှိပါဘူး။ ကလပ် အသင်းတွေနဲ့ ပရီးမီးယားလိဂ်ရဲ့ ရပ်တည်မှုက ဘာလဲဆိုတာကို ဒီနေ့ မှာ ထပ်ပြောဖို့ လိုပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒါက မန်ချက်စတာစီးတီးရဲ့ ကိစ္စတစ်ခုတည်းမဟုတ်လို့ပါ။ ဒါက ဘောလုံးပြက္ခဒိန်နဲ့ ပွဲစဉ်ဇယားရဲ့ ပြဿနာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် လီဗာပူးလ်အသင်း နည်းပြ ယာဂန်ကလော့ပ်က “ကစား သမားတွေ နိုင်ငံတကာပွဲသွားကစား တဲ့အချိန်က ကလပ်အသင်းမန်နေဂျာတွေအတွက်တော့ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်းလုပ်နေတုန်းပါပဲ။ ဘယ်တုန်း ကမှ မညည်းဖူးပါဘူး။ ဒီကိစ္စက တော့ ကွဲပြားခြားနားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်မှာ မတူကွဲပြားတဲ့စည်းမျဉ်းတွေ ရှိနေလို့ပါ။ အင်္ဂလန်ရဲ့စည်းမျဉ်းအရ ခင်ဗျားက Red List နိုင်ငံတစ်နိုင်ငံက ပြန်လာတဲ့သူဆိုရင် ဟိုတယ်တစ်ခုမှာ Quarantine ၁၀ ရက်နေရမှာပါ။ ဟိုတယ်တစ်ခုဆိုတာ ခင်ဗျားရွေးချယ်လို့မရပါဘူး။ တစ်စုံတစ်ယောက်က ရွေးချယ်ပေးတဲ့ ဟိုတယ်ဖြစ်ပြီး လေဆိပ်နားက ဟိုတယ်တစ်ခုခုဖြစ်မှာပါ။ အဲဒါကစားရုံ၊ စောင့်နေရုံ၊ အိပ်ရုံပဲ ဆိုတော့ Spa ဟိုတယ်တစ်ခုဖြစ်ဖို့ တောင် မနီးစပ်ပါဘူး။ အသင်းအနေနဲ့ ပြောရရင် ကျွန်တော်တို့ ဒါကို မလုပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပွဲစဉ်တွေအတွက် သူတို့ကို ဆုံးရှုံးရမယ့်အပြင် ၁၀ ရက်လောက် လေ့ကျင့်မှုလည်း လုပ်နိုင်မှာမဟုတ်ပါဘူး။ လှုပ်ရှားမှုမရှိရင် ကြွက်သားတွေဆုံးရှုံးသွားမယ်ဆိုတာ ဆရာဝန်နဲ့ အားကစားသိပ္ပံပညာရှင်ထဲက ဘယ်သူ့ကိုမဆို မေးလို့ရပါတယ်။ အဲဒီလိုဖြစ်ပြီးမှ လေ့ကျင့်မှုပြန်စမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ခြေလည်း ရှိပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

ကစားသမားစေလွှတ်ရန် ငြင်းဆန်မှုကို ပရီးမီးယားလိဂ်အပြင် လာလီဂါနှင့် စီးရီးအေပြိုင်ပွဲတို့ကလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular