တိုမီနေးဟာ နေပယ်လ်မှာ မြန်မြန်ဆန်ဆန်ပဲ အသားကျနေတာဖြစ်ပါတယ်။
“နေပယ်လ်ကိုတွေ့လိုက်အချိန်မှာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီရောက်လာတာက ကျွန်တော့်ရဲ့စိတ်ထဲမှာ ငါလုပ်နိုင်ရမယ်ဆိုတယ်ဆိုတဲ့ တွန်အားတစ်ခုတော့ရှိပါတယ်”
“ပရိသတ်တွေကလည်း အရမ်းကို ချစ်ဖို့ကောင်းပါတယ်။ အားပေးကြမ်းတဲ့ ပရိသတ်တွေကို ကျွန်တော် ကြုံဖူးသလို မြင်လည်းမြင်ဖူးပါတယ်။ ဒီမှာက မယုံကြည်နိုင်လောက်အောင်ပါပဲ ဒီကပရိသတ်တွေရဲ့အားပေးမှုတွေက မပြောပြတက်လောက်အောင် ကောင်းပါတယ်”
“အသင်းဖော်တွေနဲ့ နည်းပြထံကနေ နွေးထွေးတဲ့ကြိုဆိုမှုကိုရရှိခဲ့ပြီး နည်းပြကလည်း အသင်းသားတွေနဲ့အတူပူးပေါင်း လုပ်ဆောင်ဖို့ တစ်ပါတည်းခေါ်ယူခဲ့တာပါ။ ဒါဟာ ကျွန်တော့်ရဲ့ယုံကြည်မှုကို ဖြည့်ပေးလိုက်သလိုပါ။ နည်းပြနဲ့ ကျွန်တော်အကြား စကားပြောဆိုမှုကလည်းအရမ်းကိုကောင်းပါတယ်။ တောင်းဆိုမှုတွေရှိသော်လည်း အားလုံးက အပြုသဘောဆောင်ပြီး ဒါတွေက ကျွန်တော်လိုအသက်အရွယ်ရှိတဲ့ ကစားသမားအတွက် တကယ်ကို ကောင်းပါတယ်”
“ကျွန်တော်ကအခု အသက် ၂၇ ရှိပါပြီ။ ဒါကြောင့် ငယ်ရွယ်တဲ့ လူငယ်တစ်ဦးမဟုတ်သလို အသက်လည်းမကြီးသေးပါဘူး။ လုပ်နိုင်သလောက် တွန်အားပေးလုပ်ချင်ပါသေးတယ်။ အကောင်းဆုံးကစားနိုင်သလောက် ကစားပေးချင်ပါတယ်။ အသင်းအတွက်ကိုသာ ဂရုစိုက်ပြီး အကောင်းဆုံးလုပ်ချင်ပါတယ်” လို့ တိုမီနေးက နာပိုလီအသင်းရဲ့ တရားဝင် YouTube ချန်နယ်သို့ ပြောပါတယ်။