spot_img

နယ်သာလန်လက်ရွေးစင်အသင်းအား ပြန်လည်ကိုင်တွယ်ရန် ရော်နယ်လ်ကိုးမန်းချိတ်ဆက်

နယ်သာလန်လူမျိုးနည်းပြတစ်ဦးဖြစ်သူ ရော်နယ်လ်ကိုးမန်းသည် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားအပြီးတွင် နယ်သာလန်လက်ရွေးစင်အသင်းအား ပြန်လည်ကိုင်တွယ်ရန် ချိတ်ဆက်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၅၈)နှစ်အရွယ်ရှိ ရော်နယ်လ်ကိုးမန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းအား ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

myan789

အေဂျက်စ်၊ ဘင်ဖီကာ၊ PSV၊ ဗလင်စီယာ၊ အဲဗာတန်၊ ဘာစီလိုနာအစရှိသည့် ဥရောပကလပ်အသင်းကြီးများစွာကို ကိုင်တွယ်ခဲ့ဖူးသည့် ရော်နယ်လ်ကိုးမန်းသည် နယ်သာလန်လက်ရွေးစင်အသင်းကိုလည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ ကိုးလ်မန်းသည် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့်လည်း ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး နယ်သာလန်ဘောလုံးပရိသတ်များ နှစ်သက်သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။

လက်ရှိတွင် နယ်သာလန်လက်ရွေးစင်အသင်းအား ဝါရင့်နည်းပြကြီးလူးဝစ္စဗန်ဟားလ် (၇၀ နှစ်)က ကိုင်တွယ်နေပြီး လာမည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားအပြီးတွင် အသင်းနှင့်လမ်းခွဲဖွယ်ရှိနေရာ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် ကိုးလ်မန်းနှင့် တိုက်ရိုက်အစားထိုးသွားဖွယ်ရှိနေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular