spot_img

နည်းပြ ဆီမြွန်နီအင်ဇာဂီကို တစ်နှစ်လစာတိုးပေး၍ လာမည့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် အင်တာမီလန် စီစဉ်

အင်တာမီလန်အသင်းသည် နည်းပြ ဆီမြွန်နီအင်ဇာဂီကို တစ်နှစ်လစာတိုးပေး၍ လာမည့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၈)ရက်က အင်တာမီလန်အသင်းပိုင်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သူ စတီဗင်ကျန်းသည် မီလန်မြို့သို့ ရောက်ရှိလာပြီး နည်းပြ ဆီမြွန်နီအင်ဇာဂီအပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် ဆုံတွေ့ကာ ညစာစားခဲ့သည်။

myan789

ထို့နောက် စတီဗင်ကျန်းသည် အင်တာမီလန်အသင်း၏ အနာဂတ်စီမံကိန်းများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဆီမြွန်နီအင်ဇာဂီကို စာချုပ်သက်တမ်းတိုးမည့်အကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီမြွန်နီအင်ဇာဂီ၏ လက်ရှိစာချုပ်သက်တမ်းသည် လာမည့် ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း စတီဗင်ကျန်းက နောက်ထပ် (၂)နှစ်သက်တမ်းတိုးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် နည်းပြဟောင်း ကွန်တီလက်ထက်တွင် စီးရီးအေချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း လက်ရှိရာသီအစတွင် ကွန်တီ ထွက်ခွာသွားသဖြင့် ရုန်းကန်ရလိမ့်မည်ဟု ယူဆမှုများရှိခဲ့သည်။

သို့သော် ဆီမြွန်နီအင်ဇာဂီသည် လက်ရှိ ရာသီတွင် ရလဒ်ကောင်းများဖြင့် သူ၏တန်ဖိုးကို သက်သေပြထားပြီး စီးရီးအေချန်ပီယံဆုအား ထိန်းသိမ်းနိုင်ရန် မျှော်လင့်ချက်ရှိနေသည်။

လာမည့်ရက်ပိုင်းအတွင်း ဆီမြွန်နီအင်ဇာဂီ၏ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးသွားမည်ဖြစ်ပြီး လက်ရှိတစ်နှစ်လစာ ယူရို (၄)သန်းမှ စာချုပ်သစ်ချုပ်ဆိုပြီးနောက် တစ်နှစ်လစာ ယူရို (၅)သန်းမှ (၆)သန်းကြား ပေးချေသွားရန် စီစဉ်ထားသည်။

အင်တာမီလန်အသင်းဒု-ဥက္ကဋ္ဌ ဟာဗီယာဇနက်တီကလည်း ” ကျွန်တော်တို့အသင်းက စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ပါလိမ့်မယ်။ လက်ရှိအသင်းက အကောင်းဆုံးကစားပြနေပြီး နည်းပြ ဆီမြွန်နီအင်ဇာဂီနဲ့ အသင်းသားတွေဟာ ဒီဆုနဲ့ ထိုက်တန်သူတွေပါ။ ကျွန်တော်တို့အသင်းဟာ သန်မာပြီးအသိအမှတ်ပြုရမယ့် စိတ်ဓာတ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အေစီမီလန်၊ နာပိုလီနဲ့ အတ္တလန်တာတို့ ဖိအားပေးနေပေမဲ့ ကျွန်တော်တို့ ချန်ပီယံဆု ကာကွယ်နိုင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular