လိုင်ယွန်အသင်းသည် အီတလီလူမျိုး နည်းပြဂရော့ဆိုအား ကြာသပတေးနေ့တွင် ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရသည်။
ဂရော့ဆို(၄၆ နှစ်)သည် ပြီးခဲ့သည့် စက်တင်ဘာလကမှ လိုင်ယွန်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
သို့သော် ၎င်းအနေဖြင့် လိုင်ယွန်အသင်းကို ပြိုင်ပွဲစုံ (၉)ပွဲ ကိုင်တွယ်အပြီးမှာပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
လိုင်ယွန်အသင်းသည် ပြီးခဲ့သည့် ပြင်သစ်လီဂူးပွဲတွင် အိမ်ကွင်း၌ လိုင်လီအသင်းကို ရှုံးနိမ့်ကာ အမှတ်ပေးဇယားအောက်ဆုံးနေရာတွင် ဆက်ရှိခဲ့သည့်အတွက် နည်းပြ ဂရော့ဆိုကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
လိုင်ယွန်အသင်းအနေဖြင့် နည်းပြသစ် တရားဝင် မခန့်အပ်မီအထိ အကယ်ဒမီနည်းပြက ယာယီတာဝန်ယူသွားမည်ဟု သိရသည်။