spot_img

နည်းပြအပြောင်းအလဲလုပ်ထားတဲ့ ယူနိုက်တက်ထံကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး မျှော်မှန်းထားကြောင်း ပြောလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ ယူနိုက်တက်ထံကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး မျှော်လင့်ထားပေမယ့် အိုးထရက်ဖို့ဒ်မှာ အကြောက်အလန့်မရှိဘဲ ကစားဖို့ ညွှန်ကြားထားကြောင်း ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၁၃ခုနှစ် မေလနောက်ပိုင်း ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူနိုင်ခြင်းမရှိသေးပါဘူး။ မာရက်စ်ကာက တန်ဟတ်ဆက်ရှိနေရင်တောင် ယူနိုက်တက်ကစားသမားတွေက အဆိုပါမှတ်တမ်းကောင်းကို ဆက်ထိန်းထားဖို့ အပြင်းအထန်ကြိုးစားလာမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

myan789

မာရက်စ်ကာက “နည်းပြအပြောင်းအလဲလုပ်လိုက်တဲ့အချိန် ပထမ သုံးပွဲလောက်က ကစားသမားတွေထံကနေ တုံ့ပြန်မှုမျိုး မြင်ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ပွဲမှာလည်း ဒီလိုမြင်ရပါလိမ့်မယ်။ အိုးထရက်ဖို့ဒ်ကွင်းက ကမ္ဘာပေါ်မှာ ကြောက်ဖို့အကောင်းဆုံး ကွင်းတွေထဲ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ဆန်စီရို၊ စပိန်မှာဆို ဘာစီလိုနာ၊ မက်ဒရစ်ကွင်းတွေလိုပါပဲ။

ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက အန်ဖီးလ်ကွင်းမှာကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်း ပြနိုင်ခဲ့ပါတယ်။ ကစားသမားတွေ အဲ့ဒီတုန်းက ကြောက်ရွံ့နေတာမျိုး မမြင်ခဲ့ရတာကြောင့် တနင်္ဂနွေပွဲမှာလည်း အတူတူပဲ မြင်ရနိုင်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular