ရီးယဲလ်အသင်း၏ ၀ါရင့်နောက်ခံလူ မာဆယ်လိုသည် ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်ထားသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိရန် အလားအလာများနေကြောင်း သိရသည်။
မာဆယ်လိုသည် ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ရီးယဲလ်အသင်းက စာချုပ်ဖျက်သိမ်းပေးရန် စီစဉ်နေသလို၊ ၎င်းကိုယ်တိုင်ကလည်း ပုံမှန် ပွဲထွက်ခွင့် မရရှိတော့သည့် အခြေအနေကြောင့် ရီးယဲလ်အသင်းနှင့် လမ်းခွဲရန် ဆန္ဒရှိနေကြောင်း သိရသည်။
အင်တာမိုင်ယာမီအသင်းသည် မာဆယ်လိုအပြင် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။