မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇာအူယီတို့ကို ခေါ်ယူသွားနိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီလို့ ဖေဘရီဇီယို ရိုမာနိုကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဗဟိုခံစစ်နေရာအတွက် နယ်သာလန် ခံစစ်မှူး ဒီလစ်နဲ့ ညာနောက်ခံနေရာအတွက် မော်ရိုကို ညာနောက်ခံလူ မာဇာရာအူယီတို့ကို ခေါ်ယူသွားဖို့အတွက် ကစားသမားတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ အသီးသီး ရရှိထားပေမယ့်လည်း အသင်းနှစ်သင်းကြားကတော့ အခုထိ သဘောတူညီမှု မရသေးပဲ ဖြစ်နေပါတယ်။
အေဂျက်စ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇာရာအူယီတို့ဟာ သူတို့ရဲ့ဆရာဟောင်းဖြစ်တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ မန်ယူနိုက်တက်မှာ ပြန်လည် လက်တွဲလိုနေပြီး သူတို့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ အသင်းနှ်စ်သင်းကြား အမြန်ဆုံး သဘောတူညီမှု ရရှိစေဖို့ပါ မျှော်လင့်နေကြပါတယ်။
ဒါပေမယ့် ဒီလစ်အတွက်ကတော့ ပြောင်းရွှေ့ကြေးမှာ ညှိနှိုင်းမရ ဖြစ်လို့နေပြီး မာဇာရာအူယီကို ခေါ်ယူဖို့ကျတော့ အသင်းမှာ ဝမ်ဘစ်ဆာခါကို ရောင်းချမရ ဖြစ်နေတာက အဟန့်အတား ဖြစ်နေရပါတယ်။ ဒီနောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ ယူနိုက်တက်ဟာ ဒီကစားသမား (၂)ဦးပေါင်းအတွက် ယူရို သန်း(၇၀)အထိ အသုံးပြုသွားရဖို့ပါ ရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်အနေနဲ့ကတော့ ဒီလစ်ရော မာဇာရာအူယီပါ ခေါ်ယူလိုတာကြောင့် ပြောင်းရွှေ့ကြေးကို ဘိုင်ယန်နဲ့ ထပ်မံ ညှိနှိုင်းသွားမှာဖြစ်ပြီး ကစားသမား (၂)ဦးလုံးနဲ့ကတော့ ၂၀၂၉ခုနှစ် + အပိုထပ်တိုးခွင့် (၁)နှစ် စာချုပ်များနဲ့ personal agreed တွေ အသီးသီး ရရှိထားခဲ့ပါတယ်။
ယူနိုက်တက်က ဒီကစားသမား (၂)ဦးလုံးကို မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာ ဒါဘီ ကွန်မြူနတီဒိုင်းပွဲ မတိုင်ခင်မှာပဲ အရ ခေါ်ယူသွားချင်နေပြီး ကစားသမားတွေရဲ့ အေးဂျင့်တွေကလည်း သူတို့ကစားသမားတွေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။