ဂျူဗင်တပ်စ်အသင်းသည် နယ်သာလန်နောက်ခံလူ ဒီလစ်ကို ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခွင့်ပြုခဲ့ရပါက အာဆင်နယ်အသင်းမှ ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်ဖြင့် အစားထိုးရန် ချိန်ရွယ်နေကြောင်း သိရသည်။
ဂါဘရီယဲလ်(၂၄ နှစ်)သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းအတွက် အတည်ငြိမ်ဆုံးနှင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့် ကစားသမားများထဲမှ တစ်ဦးဖြစ်သောကြောင့် ဂျူဗင်တပ်စ်အသင်းက မျက်စိကျနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂါဘရီယဲလ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင်သာ သုံးစွဲရမည်ဖြစ်သဖြင့် ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် အာဆင်နယ်အသင်းက ရောင်းထုတ်ရန် အလားအလာနည်းကြောင်း သုံးသပ်နေကြသည်။