spot_img

ဒီလစ်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း ဆက်လက်ကြိုးပမ်းနေပြီး လာမည့်ရက်ပိုင်းအတွင်း ယူရိုသန်း(၇၀)ဖြင့် ကမ်းလှမ်းမှုပြုလုပ်မည်

ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ နယ်သာလန်နောက်ခံလူ ဒီလစ်ကို ခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေပြီး လာမည့်ရက်ပိုင်းအတွင်း ယူရိုသန်း(၇၀) ဖြင့် ကမ်းလှမ်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ခံစစ်ကစားသမားများဖြစ်သည့် ရူဒီဂါနှင့် ခရစ္စတန်ဆင်တို့ကို ဆုံးရှုံးထားသည့်အတွက် ပြန်လည်အားဖြည့်ရန် စီစဉ်နေရာ ဆီဗီလာအသင်းမှ ပြင်သစ်နောက်ခံလူ ခွန်ဒဲကို ဦးစားပေးပစ်မှတ်အဖြစ် ကြိုးပမ်းခဲ့သော်လည်း အလွန်မြင့်မားသည့် ပြောင်းရွှေ့ကြေး တောင်းဆိုနေခြင်းကြောင့် ဒီလစ်ဘက်သို့ ဦးလှည့်လာခြင်းဖြစ်ကြောင်း သိရသည်။

myan789

ဒီလစ်သည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေသလို၊ ဂျူဗင်တပ်စ်အသင်းကလည်း ၎င်းတို့အလိုရှိသည့် ပြောင်းရွှေ့ကြေးပမာဏ ရရှိခဲ့ပါက ထွက်ခွာခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီလစ်ကို ပရီးမီးယားလိဂ်အသင်းများထဲမှ ချယ်လ်ဆီးနှင့်အပြိုင် မန်စီးတီးကလည်း ခေါ်ယူလိုသည့်အပြင် ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့ကလည်း စိတ်ဝင်စားနေသည်။

သို့သော် မီဒီယာအချို့က ဒီလစ်အနေဖြင့် ချယ်လ်ဆီးအသင်းကို ရွေးချယ်ထားပြီးဖြစ်သည်ဟု သုံးသပ်ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဒီလစ်အတွက် ကစားသမားအလိုက်ပေး၍ ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်းကို ဂျူဗင်တပ်စ်အသင်းက ပယ်ချခဲ့ခြင်းကြောင့် ငွေသားသက်သက်ဖြင့် ထပ်မံကမ်းလှမ်းသွားမည်ဖြစ်ပြီး သဘောတူညီမှု ရယူနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းက အေဂျက်စ်အသင်းထံမှ ယူရို(၇၅)သန်းဖြင့် ခေါ်ယူခဲ့ရသော ဒီလစ်အတွက် အနည်းဆုံး ယင်းပမာဏ ပြန်လည်ရရှိရန် လိုလားနေကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular