spot_img

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုကို ပြောပြလိုက်တဲ့ ပေါလ်မာဆွန်

အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ပေါလ်မာဆွန်က မန်ချက်စတာယူနိုက်တက်တို့ နောက်ခံလူ ရာဖေးဗာရန်းကို ခေါ်ယူလိုက်ခြင်းဟာ ဒီနွေရာသီ အပြောင်းအရွေ့ရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား ခေါ်ယူမှု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ရီးရဲယ်မက်ဒရစ်မှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် ဗာရန်းဟာ မန်ယူနိုက်တက်ကို လေးနှစ် စာချုပ်နဲ့ ပြောင်းရွေ့လာခဲ့ပြီး အိုးထရပ်ဖို့ဒ်မှာ နံပါတ် ၁၉ အကျီကို ၀တ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဗီဇာကိစ္စတွေ ၊ ကွာရန်တင်း ကိစ္စတွေကြောင့် ဗာရန်းရဲ့ အပြောင်းအရွေ့ဟာ ကြန့်ကြာမှု ရှိခဲ့ပြီး ဒီကိစ္စဟာ မနေ့မှ အပြီးသတ်နိုင်ခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူဟာ မနေ့က ယူနိုက်တက်တို့ လိဒ်က်ို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အိုးထရပ်ဖို့ဒ် ပရိတ်သတ်တွေနဲ့ မိတ်ဆက်သွားခဲ့ပြီး လာမည့်တစ်ပတ် ဆောက်သမ်တန်နဲ့ ပွဲမှာတော့ ပါ၀င်လာဖို့ ရှိနေပါတယ်။

myan789

ဗာရန်းဟာ ဒီနွေရာသီ အပြောင်းအရွေ့မှာ တွန်ဟီတန် ၊ ဂျေဒွန်ဆန်ချို တို့ပြီးနောက် ယူနိုက်တက်ရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်ပါတယ်။ မန်စီးတီးက ဂရီလစ်ခ်ျ ၊ ချဲလ်ဆီးက လူကာကူ ၊ လီဗာပူးက ကိုနာတေး ၊ အာဆင်နယ်က ဘန်ဝိုက် နဲ့ စပါးက ရိုမယ်ရိုး စတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူထားကြပေမယ့်လည်း မာဆွန်က ဗာရန်းကသာ ဒီနွေရာသီရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုလို့ ယုံကြည်နေပါတယ်။

မာဆွန်က “ရာဖေးဗာရန်းဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ်ဖလား အတွက် ကောင်းကောင်း ယှဉ်ပြိုင်နိုင်အောင် ကူညီပေးနိုင်မှာပါ။ သူဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုလို့ ပြောချင်ပါတယ်။ ဒီရာသီမှာ အမှတ်ပေးဖလား အတွက် ပြိုင်ဆိုင်မှုဟာ အတော် ပြင်းထန်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီနှစ်မှာ ပရီးမီးယားလိဂ် ဖလားကို ဗိုလ်စွဲနိုင်စွမ်း ရှိတဲ့ အသင်း ၄ သင်း ရှိပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတွေက ဒီထဲက အသင်းတစ်သင်း မဟုတ်ခဲ့ပေမယ့်လည်း ဗာရန်းဟာ ဒါကို ပြောင်းလဲစေခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒါဟာ အဓိက ကစားသမား ခေါ်ယူမှုလို့ ထင်ပါတယ်။ သူဟာ ရီးရဲယ်မက်ဒရစ် အသင်းဆီက ရလာခဲ့တဲ့ အတွေ့အကြုံ နဲ့ မြင့်မားတဲ့ အဆင့်အတန်းတွေကို ယူဆောင်လာမှာပါ။ သူဟာ ယူနိုက်တက်ကို ကြီးမားတဲ့ သက်ရောက်မှု ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ပြင်သစ်နောက်ခံလူဟာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ အင်္ဂလန်စတား ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက် ကစားသွားမှာ ဖြစ်ပြီး ဒါဟာ အိုးထရပ်ဖို့ဒ် ကလပ်ရဲ့ နောက်တန်းကို ပိုမို တောင့်တင်းသွားစေမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မာဆွန်က “ယူနိုက်တက်ဟာ အခုဆိုရင် ဗီဒစ် ဖာဒီနန် တို့လို နောက်တန်းမှာ အားထားရတဲ့ ခံစစ်မျိုး ပိုင်ဆိုင်နေပါပြီ။ မက်ဂွိုင်းယားဟာ လူကပ်ကစားနိုင်ပြီး ဗာရန်းဟာ ခံစစ်ကို ကျော်လာတဲ့ အရာတွေ မှန်သမျှကို သူ့ရဲ့ မြန်နှုန်းနဲ့ ရှင်းလင်းနိုင်မှာပါ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ကွင်းလယ်ခံစစ်မှုး ၂ ဦးနဲ့ အများဆုံး ကစားခဲ့့ပါတယ်။ ဘာလို့လဲဆိုတော့ အိုလီဟာ သူ့ရဲ့ နောက်ခံလူတွေကို ယုံကြည်လို့ မရခဲ့လို့ ဖြစ်ပါတယ်။

သူတို့ အခုဆိုရင် ဒါမျိုး လုပ်စရာ မလိုတော့ပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီတွေက တန်ပြန်တိုက်စစ် အရမ်းကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခု ဗာရန်း ရှိနေတာကြောင့် သူတို့ဟာ High line နဲ့ စွန့်စားကစားလို့ ရပါတယ်။ ဒါဟာ အသင်းငယ်တွေနဲ့ ရင်ဆိုင်ရာမှာ အရေးပါပါတယ်။ အမြင့်ဘော တစ်လုံးကြောင့် ခံစစ်ကြောင်း ပြသနာဖြစ်မှာကို စိတ်ပူစရာ မလိုတော့ဘဲ သူတို့ကို ဖိအားများများ ပေးလို့ ရနေပါပြီ။” လို့ ပြောသွားပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular