spot_img

ဒီရာသီမှာ သူ့ကိုအထင်ကြီးစေခဲ့တဲ့ ယူနိုက်တက်စတားတစ်ဦးရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ ကာရေဂါ

ဒီရာသီ ပေါ်တိုနှင့် ၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲက ဟွိုက်လန်းရဲ့ စွမ်းဆောင်ရည်ကို အမှန်တကယ်ပင် အထင်ကြီးမိကြောင်း ကာရေဂါက ပြောကြားထားပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အိုးထရက်ဖို့ဒ်သို့ ပေါင် ၇၂ သန်းဖြင့်ရောက်လာခဲ့ပြီးနောက် ဟွိုက်လန်းက နောက်ဆုံးမှာ ခြေစွမ်းပြလာပြီလို့ လီဗာပူးကစားသမားဟောင်းနဲ့ အားကစားဝေဖန်သူ ကာရေဂါက ပြောကြားလိုက်ပါတယ်။

myan789

ယခုလမှာကစားခဲ့တဲ့ ပေါ်တိုနှင့် သရေကျခဲ့တဲ့ပွဲမှာ ဟွိုက်လန်းက ယူနိုက်တက်အတွက် ဂိုးသွင်းယူခဲ့သလို စနေနေ့က ဘရန့်ဖို့ဒ်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိရာသီမှာ ဟွိုက်လန်းက ၂ ဂိုးသာ သွင်းထားနိုင်ပေမယ့် တံကောက်ကြောဒဏ်ရာကြောင့် လက်ရှိအချိန်အထိ ၆ ပွဲသာ ကစားထားရသေးတာဖြစ်ပါတယ်။

“ဟွိုက်လန်းက ကောင်းလာပြီလို့ ကျွန်တော်ထင်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ပေါ်တိုနဲ့ပွဲက ခြေစွမ်းကို ကျွန်တော် တကယ်အထင်ကြီးမိပါတယ်”

“တိုက်စစ် ၃ ယောက်ထဲမှာ တကယ့်ကို အရည်အသွေးရှိသူဖြစ်ပြီး အနိုင်ဂိုးကိုလည်း သွင်းပေးခဲ့ကာ စတင်ပြီး ကောင်းလားပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ ကာရေဂါက Sky Sports သို့ ပြောပါတယ်။

Rasmus Hojlund scored in Saturday's 2-1 win over Brantford.

ယူနိုက်တက်ရဲ့တိုက်စစ်နဲ့ပတ်သက်ပြီး ကာရေဂါက “ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံမှာဆိုရင် ပိုသင့်လျော်တယ်လို့ ကျွန်တော်တို့တွေ ပြောကြပါတယ်။ ဒါပေမဲ့ ဘရန့်ဖို့နဲ့ပွဲမှာတုန်းက သူက ညာတောင်ပံမှာကစားခဲ့ပြီး အကောင်းဆုံးပွဲ တစ်ပွဲကို မြင်ခဲ့ရတယ်လို့ ကျွန်တော်မြင်ပါတယ်”

“ဘယ်တောင်ပံက ဂါနာချိုက လှပတဲ့ဂိုးကို သွင်းခဲ့တာပါ။ ဒီ ၃ ယောက်ရဲ့ ပေါင်းစပ်မှုက တစ်ခုခုတော့ ဆက်ဖြစ်သွားနိုင်တယ်လို့ ထင်မိပါတယ်” လို့ ပြောပါတယ်။

ကြာသပတေးနေ့ ဖီနာဘာချီနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲမတိုင်မီ စိတ်ဓာတ်တက်ကြွနေဖို့အတွက် ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က တိုက်တွန်းပြောကြားထားပါတယ်။

“တိုက်စစ်မှူးတစ်ဦးအနေနဲ့ သူက ပိုပြီးလိုလားဖို့ စိတ်အားတက်ကြွဖို့လိုပါတယ်။ ကောင်းမွန်နေရုံသာမဟုတ်ဘဲ သူ့နာမှာရှိတဲ့ အသင်းဖော်တွေကိုပါ ဆွဲခေါ်ရမှာဖြစ်ပါတယ်”

“ဘောလုံးလည်းပေးသလို ပေးဖို့ကိုလည်း တောင်းဆိုရမှာဖြစ်ပါတယ်။ ခံစစ်မှူးတွေရဲ့နောက်မှာ ပြေးနေတဲ့အတွက်ကြောင့် ဘောလုံးမရောက်လာလို့ ကျွန်တော်မြင်မိပါတယ်။ အဲ့ဒီလိုဆိုရင် ဘယ်သူကမှ သူ့ကိုမြင်မှာ မဟုတ်ပါဘူး”

“ဒါက သူ့ကိုဒေါသထွက်စေရမှာဖြစ်ပြီး ဒါပြီးရင် ဒေါသထွက်ရမယ့်အရာရှိလာမှာပါ” လို့ ဘာဘာတော့ဗ်က ပြောထားပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular