ဒီယေဂိုဂျိုတာကို ကစားခိုင်းလို့ ရသေးတဲ့ နောက်ထပ် နေရာတစ်ခုကို ပြောပြလိုက်တဲ့ ဒန်နီမေးလ်

မန်ချက်စတာစီးတီး နောက်ခံလူဟောင်း ဒန်နီးမေးလ်က လီဗာပူးဟာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တဲ့ လူငယ်ကြယ်ပွင့် ဟာဗေးအယ်လီယော့ရဲ့ နေရာကို ကောင်းကောင်း ကာဗာ လုပ်နိုင်တဲ့ လုံလောက်တဲ့ အင်အား ရှိနေတယ်လို့ ဆိုသွားပါတယ်။ အင်္ဂလန် နောက်ခံလူဟောင်းက အယ်လီယော့ကို လီဗာပူးတို့ ကာလရှည် ဆုံးရှုံးသွားရမှာ ဖြစ်ပေမယ့်လည်း အဆိုပါ ကွင်းလယ် တိုက်စစ်နေရာမှာ လိုအပ်မယ်ဆိုရင် တိုက်စစ်မှုး ဒီယေဂိုဂျိုတာက ဝင်ရောက် ကစားပေးနိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အယ်လီယော့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က လိဒ်ယူနိုက်တက်ကို လီဗာပူးတို့ ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အတွင်း ပါစကယ်စတောက်ရဲ့ challenge ကြောင့် ခြေကျင်းဝတ်မှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၁၈ နှစ် အရွယ် ကစားသမားဟာ ဒီရာသီ မကုန်မီ လီဗာပူး အတွက် ပြန်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။

myan789

ဒန်နီးမေးလ်က “လီဗာပူးရဲ့ ကွင်းလယ် အင်အားကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ သူတို့ဟာ အယ်လီယော့ရဲ့ နေရာကို ကောင်းစွာ ဖြေရှင်းနိုင်စွမ်း ရှိတဲ့ အင်အား ရှိနေပါတယ်။ လူတော်တော်များများဟာ ဒီရာသီ မစတင်မီက အယ်လီယော့ကို ယခုလိုမျိုး လီဗာပူးမှာ နေရာ ရလိမ့်မယ်လို့ မထင်ထားခဲ့ကြ ပါဘူး။ သူဟာ ကလော့ရဲ့ ယုံကြည်စွာ နေရာပေးမှုကို ခံခဲ့ရပြီး အကောင်းဆုံးလည်း လုပ်ပြထား ခဲ့ပါတယ်။ ဒီလိုမျိုး ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ရတာကတော့ သူ့အတွက် ဝမ်းနည်းစရာ ကိစ္စပါပဲ။

လီဗာပူးဟာ ဒီအခြေအနေ ကနေ သေချာပေါက် ရုန်းထွက်နိုင်မှာပါ။ ဒီဧရိယာမှာ လီဗာပူးဟာ လုံလောက်တဲ့ လူအင်အား ရှိနေပါတယ်။ အကယ်၍ အယ်လီယော့ မဟုတ်ဘဲ ဒီနေရာမှာ ဆာဒီယိုမာနေး မိုဟာမက်ဆာလား နဲ့ ဗာဂျယ်ဗန်ဒိုက် တို့သာ ဖြစ်နေခဲ့မယ် ဆိုရင် ဒါဟာ လီဗာပူးကို လုံး၀ သက်ရောက်မှု ရှိစေမှာ သေချာပါတယ်။

အခု သူတို့မှာ ဂျိမ်းမီနာ ရှိနေသလို နာဘီကီတာ ၊ ကာတစ်ဂျုံး ၊ အဲလက်အောက်စလိတ်ချိန်ဘာလိန် နဲ့ တီယာဂိုအယ်ကန်တာရာ တို့လည်း ရှိနေပါတယ်။ ဒါ့အပြင် လိုအပ်မယ် ဆိုရင် တိုက်စစ်မှုး ဒီယေဂိုဂျိုတာဟာ ဒီနေရာမှာ ဝင်ကစား ပေးနိုင်စွမ်း ရှိနေပါတယ်။ ပြီးတော့ ဂျော်ဒန်ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့လည်း သူတို့မှာ ရှိနေပြီးသားပါ။ သူတို့ဟာ ဒီနေရာမှာ လုံလောက်တဲ့ လူအင်အား ရှိထားပြီးသားပါ။” လို့ ပြောလိုက်ပါတယ်။

တိုက်စစ် ၃ နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ ဂျိုတာဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ ဝုဖ်ဗာဟမ်တန် ကနေ လီဗာပူးကို ပြောင်းရွေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး မာဆေးဆိုက်ကလပ် အတွက် စုစုပေါင်း ၃၆ ပွဲကစား ၁၅ ဂိုး သွင်းယူပေးထားခဲ့ပြီး ဖြစ်ကာ ဒီရာသီ မှာလည်း ပရီးမီးယားလိဂ် သွင်းဂိုး ၂ ဂိုး ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular