ဂျူဗင်တပ်စ်အသင်းသည် တိုက်စစ်မှူး ဒီဘားလားကို စာချုပ်သက်တမ်းတိုးရန်အဆင်မပြေပါက အလိုက်ပေးလဲလှယ်ရန် ဘာစီလိုနာ၊ ရီးယဲလ်၊ PSG၊ မန်ယူနှင့် မန်စီးတီးအသင်းမှ ကစားသမားများအား ပစ်မှတ်ထားနေကြောင်းသိရသည်။
ဂျူဗင်တပ်စ်အသင်း ရီးယဲလ်အသင်းမှ အစ္စကို၊ ဘာစီလိုနာအသင်းမှ ဒမ်ဘီလီ၊ PSG အသင်းမှ အီကာဒီ၊ မန်ယူအသင်းမှ ပေါ့ဘာ၊ မန်စီးတီးအသင်းမှ ဂျေးဇူးတို့ထဲမှ တစ်ဦးဦးဖြင့် ဒီဘားလားကို လဲလှယ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိ နေသေးပြီး ဂျူဗင်တပ်စ်အသင်းက စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသော်လည်း ကစားသမားဘက်မှ ငြင်းဆန်ထားကြောင်း သိရသည်။