spot_img

ဒီဘရိုင်းနား၏ ဒဏ်ရာသတင်းမှာ မိမိတို့အတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ဂွါဒီယိုလာ ဝန်ခံ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်း၏အဓိကကွင်းလယ်ကစားသမား ဒီဘရိုင်းနား၏ ဒဏ်ရာသတင်းမှာ မိမိတို့အသင်းအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားသည် ဇန်နဝါရီ (၂၀)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၂-၀) အက်စတွန်ဗီလာပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၅၉)မိနစ်၌ ဂျေးဇူးနှင့် လူစားလဲခဲ့ရသည်။

myan789

ဒီဘရိုင်းနားသည် အဆိုပါဒဏ်ရာကြောင့် (၄)ပတ်မှ (၆)ပတ်အထိ အနားယူရမည်ဖြစ်ရာ အသင်း၏ပွဲစဉ် (၁၀)ပွဲကျော် လွဲချော်တော့မည်ဖြစ်သည်။

ဂွါဒီယိုလာက “ဒီဘရိုင်းနားရဲ့ ဒဏ်ရာသတင်းက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်ရမှာပါ။ ဒီဒဏ်ရာက ဒီဘရိုင်းနားအတွက်ရော၊ ကျွန်တော်တို့အတွက်ပါ ကံဆိုးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အခုလို အသင်းတိုင်းရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာ ရှင်သန်ဖို့အတွက် အဖြေရှာရမှာပါ။ ဒီဘရိုင်းနားရဲ့ မကစားနိုင်တဲ့အချိန်မှာ အကောင်းဆုံးဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားရမှာပါ”ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းတွင် ဒီဘရိုင်းနားအပြင် အသင်း၏အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူ အဂွဲရိုးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းကြောင့် အသင်း၏ပွဲစဉ်အချို့ကို လွဲချော်မည်ဖြစ်ကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular