ဒီနှစ် ရွှေဘောလုံးဆုဟာ သူနဲ့ ထိုက်တန်ကြောင်း ဖွင့်ဟပြောဆိုလာတဲ့ လီဝန်ဒေါ့စကီး

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှုးကြီး ရောဘတ် လီဝန်ဒေါ့စကီး က သူဟာ နှစ်မှာ ပေးအပ် ချီးမြင့် ဖို့သင့်တဲ့ ရွှေဘောလုံးဆု ( Ballon D’or ) ကို ရရှိ ဖို့ ထိုက်တန်သူ ဖြစ်တယ်လို့ ထင်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ အသက် ၃၀ ရှိနေပြီ ဖြစ်တဲ့ ပိုလန်သားကြီး ဟာ ဒီရာသီ မှာ သူ့ဘ၀ ရဲ့ အကောင်းဆုံး ပုံစံ ကို ရရှိ ခဲ့ပြီး ဘိုင်ယန် အတွက် 47 ပွဲမှာ 55 ဂိုးအထိ သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

လီဝန်ဒေါ့ စကီးရဲ့သွင်းဂိုးတွေဟာဘိုင်ယန်မြုးနစ်ရဲ့ဘွန်ဒစ်လီဂါ၊ဂျာမန်ပိုကယ်နဲ့UEFAချန်ပီယံလိဂ် ပြိုင်ပွဲတွေ မှာ အရေးပါ အရာရောက် ခဲ့ပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းဖလား၃လုံးအောင်ပွဲကိုပြန်လည် ရယူ နိုင် ခဲ့ ပါတယ် ။

myan789

ဒီလို ပြီးပြည့်စုံတဲ့ ရာသီ တစ်ခု ကို ဘိုင်ယန် နဲ့ အတူ ဖြတ်သန်း ခဲ့တဲ့ လီဝန်ဒေါ့စကီး ဟာ ၂၀၂၀ ခုနှစ်ရဲ့အကောင်းဆုံးဘောလုံးသမားဖြစ်တယ်လို့ထောက်ခံမှုတွေများခဲ့ကြပြီးရွှေဘောလုံးဆုနဲ့ထိုက်တန်တယ် လို့ အလေးပေး လာခဲ့ ကြပါတယ် ။

ဒါပေမယ့် ရွှေဘောလုံးဆု ကိုကမကထပြုပေးအပ်နေတဲ့ပြင်သစ်ဘောလုံးမဂ္ဂဇင်း(FranceFootball ) က ကိုဗစ်-၁၉ ရောဂါဆိုးကြီး ရဲ့ ရိုက်ခတ်မှု ကြောင့် ယခုနှစ် ဆုပေးပွဲကိုပြုလုပ်မှာမဟုတ်ကြောင်း ထုတ်ပြန် ကြေညာ သွားခဲ့ပြီး လီဝန်ဒေါ့စကီး ရဲ့ ပရိသတ်တွေ ကို စိတ်ပျက် စေခဲ့ ပါတယ် ။ France Footballက ကိုဗစ်ရောဂါဆိုးကြီးမဖြစ်ခင်ကနေဖြစ်ပွားစဉ်အတွင်းကစားခဲ့တဲ့ပွဲတွေရဲ့ အနေအထားတွေဟာ မတူညီ တော့ဘဲ ကစား သမားတွေ ရဲ့ အကောင်းဆုံး အနေအထား ကိုလည်း ဆုံးဖြတ်ဖို့ ခက်ခဲတာကြောင့် အခုလို ဆုပေးပွဲ ကို ဖျက်သိမ်း လိုက်တာ ဖြစ်တယ်လို့ ဆိုထားခဲ့ ပါတယ် ။

ပိုလန် သတင်းစာ Sportowe Fakty နဲ့ အင်တာဗျုး မှာတော့ လီဝန်ဒေါ့စကီး က ၂၀၂၀ အတွက် ရွှေဘောလုံး ဆု ရရှိ သင့်တဲ့ ကစား သမား အမည် ကို “Myself” လို့ ဖြေကြားရင်း စတင် ခဲ့ ပါတယ် ။ အဲ့ဒီနောက်မှာတော့တိုက်စစ်မှုးကြီးကဘာကြောင့်သူဟာဒီဆုနဲ့ထိုက်တန်တယ်လို့ယုံကြည်ကြောင်း ကိုလည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဘိုင်ယန် နဲ့ ရနိုင်သမျှ ဖလား အားလုံး ရခဲ့ ပါတယ္။ ပြိုင်ပွဲ တိုင်းမှာ ကျွန်တော် ကရွှေဖိနပ်ဆုရှင်ပါ ။ဂျာမန်လိဂ်နဲ့အခြားလိဂ်ကအနေအထားတွေကွာခြားတာကိုကျွန်တော်နားလည်ပါတယ်။ဒါပေမယ့် အခု ကျွန်တော် စွမ်းဆောင် ခဲ့တာမျိုးက ရွှေဘောလုံး ဆု ရဖို့ လုံလောက်တဲ့ စွမ်းဆောင်မှု လို့ ထင်ပါတယ်” လို့ လီဝန်ဒေါ့စကီး က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ပရိသတ်တွေ ရဲ့ တောင်းဆိုမှု အတိုင်း France Football က ဆုံးဖြတ်ချက် ကို ပြန်လည် ပြင်ဆင် နိုင်မလား ဆိုတဲ့ မေးခွန်း ကိုတော့ “ကျွန်တော် အဲ့အကြောင်း မတွေးဖြစ် ပါဘူး ။ နောက်ရာသီ က မကြာခင် ပြန်စတော့ မှာပါ ။ ကစားဖို့ ပွဲတွေ အများကြီး ရောက်လာ ပါဦးမယ် ။ ဒီနှစ် အောင်ပွဲကို ဆက်ထိန်း ထားဖို့ ကိုပဲ ကြိုးစား သွားမှာပါ” လို့ ဖြေကြား သွားခဲ့ ပါတယ် ။

ရွှေဘောလုံးဆု ကို ပေးအပ် တော့မှာ မဟုတ်ဘူးလို့ ကြေညာထားပေမယ့်ဥရောပဘောလုံးအဖွဲ့ချုပ် ( UEFA ) က နှစ်စဉ် ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ နဲ့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ရဲ့ The Best FIFA Award ဆုပေးပွဲ တွေ ကတော့ ဖျက်သိမ်းမယ်လို့ ကြေညာခြင်း မရှိသေး ပါဘူး ။

ဒါကြောင့် လီဝန်ဒေါ့စကီး အနေနဲ့ UEFA Best Forward Award, UEFA Player of the Year ဆု နဲ့ FIFA The BestMenPlayerAwardတွေကိုဆွတ်ခူးနိုင်ဖို့အခွင့်အရေးရှိနေသေးသလိုရွှေဘောလုံး ဆုကိုပြန်လည်ကျင်းပဖို့ဆုံးဖြတ်ခဲ့ပါကဆု၃ဆုရဲ့ပိုင်ရှင်သစ်ဖြစ်လာနိုင်ဖို့အလားအလာအကောင်းဆုံး အဖြစ် ရပ်တည် နေမှာ ဖြစ်ပါတယ် ။

SM ပရိသတ်ကြီးတို့ ရော ဒီနှစ်အတွက် အကောင်းဆုံး ဆုတွေကို လီဝန်ဒေါ့စကီး ရသင့်တယ်လို့ ထင်သလားဗျ . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular