spot_img

ဒီနှစ်အတွက် သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက် တစ်ခုကို ပြောပြလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လာကတည်းက ပုံစံကောင်း တွေကို ဆက်တိုက် ပြသပြီး အသင်း နဲ့ အသင်းဖော် တွေကို မြှင့်တင် ပေးခဲ့သူပဲ ဖြစ်ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်းကို အဆင့် 3 နေရာ နဲ့ ရာသီ ပိတ်သိမ်း နိုင်ဖို့ အတွက် ကူညီ ပေးခဲ့သူပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် လက်ရှိ ဘောလုံး ရာသီ အတွင်း မှာလည်း အသင်းကို အမှတ်ပေး ဇယား အဆင့် 3 နေရာမှာ ရပ်တည် နိုင်အောင် တည်ငြိမ်တဲ့ ပုံစံကောင်း တွေကို ဆက်တိုက် ပြသ ထားနိုင်ခဲ့ ပါတယ် ။ အခုတော့ သူဟာ အသင်းအတွက် နောက်ထပ် ဂိုးတွေ သွင်းယူ ၊ ဖန်တီးမှု တွေကို လုပ်ဆောင်နိုင်ဖို့ ရည်မှန်း နေကြောင်း ဘရူနို က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

ဘရူနို ဖာနန်ဒက်စ်ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 13 ပွဲ အထိ ကစား ပေးထား ခဲ့ပြီး ကိုယ်တိုင် 9 ဂိုး သွင်းယူ ၊ 5 ဂိုး အထိ ဖန်တီး ပေးထား နိုင်ခဲ့ကာ ယူနိုက်တက် အသင်း ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် သူကတော့ ဒီလောက်နဲ့ ရပ်တန့်သွားဖို့ မရှိပဲ ဘောလုံး ရာသီ ကုန်ဆုံး သွားတဲ့ အခါမှာ အခုထက် ပိုပြီး တိုးတက် ကောင်းမွန်တဲ့ မှတ်တမ်း တွေကို ပိုင်ဆိုင် သွားနိုင်ဖို့ အတွက် ရည်မှန်း နေကြောင်း အသက် 26 နှစ် အရွယ် ကွင်းလယ်လူ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် အရင်က ပြောခဲ့ဖူးသလို ပါပဲ ၊ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးမှာ ကစားတယ် ဆိုတာက တစ်ကယ့်ကို လွယ်ကူလွန်း ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းမှာ အရည်အသွေး မြင့်တဲ့ အသင်းဖော် ကစားသမားတွေ အများကြီး ရှိနေကြလို့ ပါပဲ ”

” သူတို့ တွေက ခင်ဗျားကို ပိုကောင်းအောင် ကူညီ ပေးနိုင်ကြ ပါတယ် ။ ကျွန်တော် ကလည်း သူတို့ကို ပိုကောင်း စေဖို့ အတွက် ဒီမှာ ရှိနေတာ ပါပဲ ။ ဒါ့ကြောင့် ကိန်းဂဏန်း တွေက ကောင်းမွန် နေခဲ့ ရတာပါ ။ ဒါပေမယ့် ကျွန်တော် ဆက်လက် တိုးတက် ကောင်းမွန်ဖို့ လိုအပ် နေသေးတယ်လို့ ခံစား နေရ ပါပြီ ”

” အခု အချိန်က စတင်ပြီး အခက်အခဲတွေ ပိုမို ရင်ဆိုင်ရတော့မှာပါ ။ ကျွန်တော် ဆိုလိုတာက နေ့စဉ် နေ့တိုင်း ၊ ပွဲတိုင်းမှာ အခက်အခဲတွေကို တွေ့ကြုံရတော့မယ်လို့ ပြောချင်တာပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ဖက် အသင်းရဲ့ ကစားသမား တွေက ကျွန်တော့် အကြောင်း ပိုပြီး သိလာ ကြလို့ ပါပဲ ”

” အခုလို ကိန်းဂဏန်း တွေကို ပိုင်ဆိုင်ခဲ့ ရတဲ့ အတွက် ကျွန်တော် အမှန်တကယ် ပျော်ရွှင်မိ ပါတယ် ။ အခုလို ရမှတ် တွေနဲ့ ကိန်းဂဏန်း တွေကို ပိုင်ဆိုင် ရဖို့ ဆိုတာက လွယ်ကူတဲ့ အရာ မဟုတ် ပါဘူး ။ ဒါပေမယ့် ကျွန်တော် ကတော့ ကောင်းသထက် ကောင်းချင် နေတဲ့ ကစားသမား တစ်ဦးပါ ”

” ကျွန်တော် ကတော့ ဒီနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲ တွေမှာ ကစားခဲ့ရတဲ့ ပွဲစဉ် တွေထက် သွင်းဂိုး ၊ ဖန်တီးမှု တွေကို ပိုမိုလုပ်ဆောင်ရင်း ကုန်ဆုံး စေချင်တာပါ ။ အဲ့တာက ကျွန်တော့် အတွက်ရော အသင်း အတွက်ပါ ကောင်းမွန် နေပါ လိမ့်မယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က ပြောကြား ခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ လာခဲ့တဲ့နောက် တစ်နှစ် မပြည့်သေးတဲ့ အနေအထား တစ်ရပ်မှာ ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို သုံးကြိမ် အထိ ပိုင်ဆိုင် ထားနိုင်ခဲ့ကာ ထိပ်တန်း ကစားသမား ဖြစ်ကြောင်း သက်သေ ပြထား နိုင်ခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular