spot_img

ဒီနွေရာသီမှာ မန်ယူနိုက်တက်တို့ ခေါ်စေချင်တဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ပေါလ်စခိုး

ပေါလ်စခိုးက မန်ယူနိုက်တက် အသင်း အနေနဲ့ လာမည့် ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် ်ဆိုရင် ဒီနွေရာသီမှာ သူတို့ရဲ့ လူစာရင်းကို အဓိက ကစားသမား ခေါ်ယူမှု ၂ ခုနဲ့ အားဖြည့် ရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

အိုလီဂန်နာဆိုးရှားရဲ့ လက်အောက်မှာ ယူနိုက်တက်ဟာ သိသိသာသာ တိုးတက်မှု ရှိလာခဲ့ပြီး ဇန်နဝါရီမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နိုင်ခဲ့ ပေမယ့်လည်း လက်ကျန်ရာသီမှာ အမှတ်ပေးဖလား အတွက် မန်စီးတီးကို တောက်လျှောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

myan789

ကလပ်ပိုင်ရှင် ဂလေဇာ မိသားစုဟာ သူတို့ အပေါ် ကျရောက်နေတဲ့ ဖိအားတွေ လျော့ကျစေရန် အတွက် ဒီနွေရာသီ အပြောင်းအရွေ့မှာ ငွေကြေး သုံးစွဲသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ထိပ်တန်း ကစားသမားတွေ ဖြစ်ကြတဲ့ အာလင်ဟာလန်း ၊ ဟယ်ရီကိန်း စတဲ့ ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

ဒါပေမယ့်လည်း အက်ဒီဆင်ကာဗာနီဟာ ကလပ်နဲ့ ၁ နှစ်စာချုပ် သက်တမ်း တိုးခဲ့တဲ့ အပြင် ဂရင်းဝုဒ် ကလည်း ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ် တိုက်စစ်မှုးတွေ ထဲက တစ်ဦး အဖြစ် ထွက်ပေါ် လာခဲ့ပါတယ်။ စခိုးက ယူနိုက်တက် အနေနဲ့ ဘယ်လို နေရာတွေကို အားဖြည့်သင့်သလဲ ဆိုတာ ထောက်ပြ သွားခဲ့ ပါတယ်။

ယူနိုက်တက် ဂန္ထဝင်က ဆိုးရှား အနေနဲ့ ဘရူနိုဖာနန်ဒက် အပေါ် ကျရောက်နေတဲ့ ဝန်ကို လျှော့ချသွားဖို့ အတွက် ကွင်းလယ်ဖန်တီးရှင် တစ်ဦး အပြင် ဟယ်ရီမက်ဂွိုင်းယား နဲ့ တွဲဖက် ကစား သွားဖို့ အတွက် ဗဟိုနောက်ခံလူ တစ်ဦးကို ဦးစားပေး ပစ်မှတ် အဖြစ် ခေါ်ယူသင့်တယ်လို့ ယုံကြည် နေပါတယ်။ မက်ဂွိုင်းယား နဲ့ လင်ဒီလော့ တို့အတွဲဟာ ဒီရာသီ ပုံစံကောင်း ပြသခဲ့ပေမယ့်လည်း စခိုးက ဘင်ဖီကာ နောက်ခံလူဟောင်းဟာ ယူနိုက်တက် အတွက် လုံလောက်မှု မရှိဘူးလို့ ဆိုလိုက်ပါတယ်။

စခိုးလ်က “ကျွန်တော် ကတော့ ယူနိုက်တက်တို့ ကွင်းလယ်ဖန်တီးရှင် တစ်ဦး လိုအပ်တယ်လို့ ထင်ပါတယ်။ ဂရီလစ်ချ် ဒါမှမဟုတ် ဆန်ချို တို့ထဲက တစ်ဦးဦးကို ခေါ်ယူနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ပြီးရင်တော့ ဘယ်ခြေသန် ဗဟိုနောက်ခံလူ တစ်ဦးကို ရခဲ့ရင် အရမ်း ကောင်းမှာပါ။ ဒါပေမယ့် ဒါဟာ တအားကို လိုအပ် နေတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။

ကျွန်တော့် အနေနဲ့ မက်ဂွိုင်းယားနဲ့ တွဲဖက် ကစားသွားမယ့် ဗဟို နောက်ခံလူ တစ်ဦးကို မြင်ချင်ပါတယ်။ လင်ဒီလော့ဟာ ကောင်းကောင်း လုပ်ပြနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူဟာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ အတွက်တော့ လုံလောက်မှု မရှိဘူးလို့ ထင်ပါတယ်။

ပီအက်ဂျီရဲ့ မာကွင်ညိုဟာ မက်ဂွိုင်းယားနဲ့ တွဲဖက် ကစား သွားဖို့ အတွက် အသင့်တော်ဆုံးလူလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ့အတွက် ငွေတော့ အတော်ကြီး ကုန်ကျပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular