ဒိန်းမတ် နဲ့ သရေကျခဲ့တဲ့ ပွဲအပြီး အင်္ဂလန် ကြယ်ပွင့် ကစားသမား ငါးဦး ကို ချီးကျူးလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ ဒိန်းမတ် အသင်း နဲ့ ဂိုးမရှိ သရေ ကျခဲ့တဲ့ ဥရောပ နေရှင်းလိဂ် ပွဲမှာ ကစားသမား ငါးဦးရဲ့စွမ်းဆောင်ရည်ကို ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။


အင်္ဂလန် အသင်းဟာ ပွဲပြီးခါနီးမှာ ဟာရီကိန်း ရဲ့ ကန်ချက် နဲ့ အနိုင်ဂိုး ရရှိဖို့ နီးစပ် ခဲ့ပေမယ့် ဂိုးစည်းနားကနေ ဂျော်ဂျင်ဆန် က ရှင်းထုတ် သွားခဲ့တာကြောင့် ဂိုးမရှိ သရေ နဲ့ပဲ ပွဲပြီးဆုံး သွားခဲ့တာပါ ။

myan789

ဒိန်းမတ် အသင်းဟာလည်း ဂိုးရရှိဖို့ အခွင့်အရေးတွေ ရခဲ့ပြီး ကတ်စပါ ဒိုဘတ် ရဲ့ ကန်ချ​က် ကို ပစ်ဖိုဒ့် လက်စွမ်းပြ ကာကွယ် ခဲ့သလို အဲရစ်ဆင် ရဲ့ ဘယ်ခြေကန်ချက်လည်း မိုးပေါ် ထောင်ထွက် သွားခဲ့တာကြောင့် အင်္ဂလန် အသင်း ကံကောင်း သွားခဲ့တာပါ ။
ဒိန်းမတ် နဲ့ ပွဲမှာ ဝုလ်ဗာဟမ်တန် နောက်ခံလူ ကုတ်ဒီ နဲ့ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကီဗင်ဖီးလစ် တို့ဟာ အင်္ဂလန် အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့်ရခဲ့ပြီး ဂရီးလစ်ရှ် နဲ့ မိတ်လန်နိုင်းလ်စ် တို့ဟာလည်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပထမဆုံး အကြိမ် ဝင်ရောက် ကစားခွင့် ရခဲ့ပါတယ် ။

အင်္ဂလန် အသင်းဟာ ဒိန်းမတ် နဲ့ သရေကျခဲ့တာကြောင့် ရမှတ် ၄ မှတ် နဲ့ အုပ်စု ဒုတိယ နေရာမှာ ရပ်တည်နေပြီး ဘယ်ဂျီယံ ကတော့ ၆ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပါတယ် ။ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ဟာ ဒိန်းမတ် နဲ့ ပွဲမှာ နောက်တန်း ၃ ယောက်ကို စမ်းသုံးခဲ့ပြီး အနိုင်သုံးမှတ်တော့ ရှာဖွေ နိုင်ခဲ့ခြင်း မရှိပါဘူး ။

” ပထမပိုင်းမှာ ပိုမို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ် နိုင်ခဲ့သင့်ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ဆ ထိန်းချုပ် ခံခဲ့ရပါတယ် ။ ကျွန်တော်တို့ မိနစ် ၉၀ လုံးလုံး ပြိုင်ဘက်ကို ဖိအားပေး မကစားနိုင်ခဲ့ပေမယ့် ကောင်းကောင်းတော့ ကစားနိုင်ခဲ့ပါတယ် ။ ”
” ဒုတိယပိုင်းမှာ ပွဲ အရှိန်မြင်ဖို့ အတွက် အပြောင်းအလဲ တစ်ချို့ လုပ်ခဲ့ပါတယ် ၊ တိုက်စစ်ကို ဘောလုံး ပိုထွက်လာဖို့ မေဆင်မောင့် ကို ကွင်းလယ် ပို့လိုက်ပါတယ် ၊ ဂျက်ဂရီးလစ်ရှ်ကော မိတ်လန်နိုင်းလ်စ်ကော ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ် ၊ သူတို့ရဲ့ ပွဲဦးထွက် ခြေစွမ်းအပေါ် အားရ ကျေနပ်မိပါတယ် ။ ”

” ကော်နာ ကုတ်ဒီလည်း တကယ် ကောင်းခဲ့ပါတယ် ၊ အဲရစ် ဒီယာ က နှစ်ပွဲစလုံး ခံစစ်မှာ အကောင်းဆုံး ကစား နိုင်ခဲ့ပါတယ် ၊ ဒါကြောင့် ဒီနေ့ ကစားခဲ့တဲ့ နောက်တန်း ၃ ယောက်တန်းက ကျစ်လစ်တယ် ဆိုရမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular