spot_img

ဒါဝင်နူးနက်ဇ်အတွက် ဘင်ဖီကာအသင်း Add-ons ကြေး ပေါင်(၈.၅)သန်း ထပ်မံရရှိမည်

ဘင်ဖီကာအသင်းသည် လီဗာပူးလ်အသင်းထံရောင်းချထားခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အတွက် Add-ons ကြေး ပေါင်(၈.၅)သန်း ထပ်မံရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ဘင်ဖီကာအသင်းသည် ဒါဝင်နူးနက်ဇ်ကို ၂၀၂၂ ခုနှစ် နွေရာသီတွင် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၆၄)သန်း Add-ons ကြေး ပေါင်(၂၁)သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

myan789

Add-ons ကြေးများမှာ ပွဲကစားခွင့်အရေအတွက်အပေါ် အဓိကအခြေခံထားခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် ဒါဝင်နူးနက်ဇ် (၁၀)ပွဲကစားအပြီးမှာပင် Add-ons ကြေး ပေါင်(၄.၃)သန်းပေးခဲ့ရသည်။

ယခုအခါ ဒါဝင်နူးနက်ဇ်အနေဖြင့် လီဗာပူးလ်အသင်းတွင် ပြိုင်ပွဲစုံပွဲ(၆၀)ပြည့်သွားပြီ ဖြစ်သည့်အတွက် ဘင်ဖီကာအသင်းထံ Add-ons ကြေး ပေါင်(၈.၅)သန်း ထပ်မံပေးချေရခြင်းဖြစ်သည်။

ဒါဝင်နူးနက်ဇ်သည် ၂၀၂၂-၂၃ ရာသီအဖွင့် ကွန်မြူနတီဒိုင်းပွဲတွင် လီဗာပူးလ်အသင်းအတွက် စတင်ပွဲထွက်ကစားခဲ့ပြီး ပြီးခဲ့သည့် ရာသီ၌ ပြိုင်ပွဲစုံ(၄၂)ပွဲ ကစားခဲ့သည်။ ယခုရာသီတွင် (၁၈)ပွဲ ကစားခဲ့ခြင်းကြောင့် ပြိုင်ပွဲစုံပွဲ(၆၀) ပြည့်သွားခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular