ဘင်ဖီကာအသင်းသည် ဥရောပထိပ် တန်းအသင်းများ စိတ်ဝင်စားနေသည့် အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်အတွက် အ နည်းဆုံး ယူရိုသန်း ၁၀၀ ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးသည် ယခုရာသီတွင် နာမည်ရလာသူဖြစ်ပြီး ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲတွင် ၃၄ ဂိုး အထိ သွင်းယူထားသည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူရန် မန်ယူ၊ အာဆင်နယ်၊ ၊ နယူး ကာဆယ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကလည်း ယခုနွေတွင် အသင်းမှထွက်ခွာလိုနေကြောင်း သိရသည်။
ဘင်ဖီကာအသင်းသည် အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဒါဝင်နူနက်ဇ်ကို အနည်းဆုံး ယူရိုသန်း ၁၀၀ ရမှသာ လက်လွှတ်ဖွယ်ရှိနေကြောင်း ပေါ်တူဂီမီဒီယာများက ဖော်ပြနေကြသည်။