စပါးအသင်း၏နည်းပြ ကွန်တီက ထိပ်တန်းအဆင့်တွင် ရောက်ရှိနေသည့်အသင်းများကို ယှဉ်နိုင်ရန်အတွက် နောက်ထပ် အပြောင်းအရွှေ့စျေးကွက်နှစ်ခုစာ အားဖြည့်တည်ဆောက်ရန် လိုအပ်နေသေးသည်ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် လက်ရှိနွေရာသီတွင် အငှားဖြင့် ခေါ်ယူမှုများအပါအဝင် ကစားသမားသစ်(၁၀)ဦးကို ခေါ်ယူထားပြီးဖြစ်သောကြောင့် ကျေနပ်ဖွယ်ဖြစ်နေသော်လည်း ကွန်တီကယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ရာသီနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့ ပိုပြီးယှဉ်ပြိုင်နိုင်စွမ်း ရှိလာပါတယ်။ ဒါပေမဲ့ ထိပ်တန်းအဆင့်မှာ ရောက်နေတဲ့ တခြားအသင်းတွေနဲ့ တန်းတူဖြစ်ဖို့ဆိုရင်တော့ နောက်ထပ် စျေးကွက်နှစ်ခုစာ လိုနေပါသေးတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။