spot_img

တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲရချိန် ဝမ်းနည်းကြေကွဲနေခဲ့တဲ့ တော့တင်ဟမ်ခံစစ်မှူးဗန်ဒီဗန်

မန်စီးတီးကို အနိုင်ယူခဲ့တဲ့ တော့တင်ဟမ်အသင်းရဲ့ကာရာဘောင်းဖလားပွဲစဉ်အတွင်း ပွဲချိန်အစောပိုင်းမှာပဲ လူစားလဲလှယ်ခဲ့ရမှုနဲ့အတူ ဗန်ဒီဗန်ရဲ့မျက်နှာမှာ ဝမ်းနည်းမျက်ရည်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေကို ကျော်ဖြတ်လာတဲ့ တော့တင်ဟမ်က ကာရာဘောင်ကွာတားဖိုင်နယ်အဆင့်မှာ ရူဘင်အာမိုရင်တာဝန်ယူဖွယ်ရှိတဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါလိမ့်မယ်။

ဒီနေ့မနက်ပိုင်းပွဲစဉ်အတွင်း ပိုစတီကိုဂလူရဲ့အသင်းအတွက် တီမိုဝါနာနဲ့ ပါပေးဆားတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပြီး မန်စီးတီးအတွက် ချေပဂိုးကိုတော့ မာသီးယက်စ်နူနက်စ်က သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အခုနိုင်ပွဲမှာ အိမ်ရှင်တွေအတွက် ဗဟိုခံစစ်မှူးဗန်ဒီဗန် တံကောက်ကြောဒဏ်ရာရရှိသွားမှုလို ပေးဆပ်ရမှုတစ်ခုလည်း ရှိလာပါတယ်။

myan789

မြောက်လန်ဒန်အရပ်ရှိဘောလုံးကွင်းကြီးမှ ပွဲချိန်အတွင်းထွက်ခွာရချိန် ဒတ်ချ်နောက်ခံလူရဲ့မျက်နှာမှာ မျက်ရည်မိုးတွေ ရွာသွန်းနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲစဉ်အပြီး ပိုစတီကိုဂလူက ကစားသမားရဲ့ဒဏ်ရာရရှိမှုကို အတည်ပြုပေးခဲ့ပြီး လာမယ့်ကာလတွေမှာ အားထားရတဲ့ခံစစ်မှူးတစ်ဦးကို လက်လွှတ်ရဖွယ်ရှိတယ်လို့ ယူဆနေခဲ့ပါတယ်။

ပိုစတီကိုဂလူက “ဗန်ဒီဗန်က သူ့ရဲ့တံကောက်ကြောနေရာမှာ တစ်ခုခုကို ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့အခြေအနေကိုတော့ ကျွန်တော်လည်း ပြည့်ပြည့်စုံစုံမသိရသေးပါဘူး။ ဒါပေမယ့် သူ တစ်ခုခုကို အတိအကျခံစားခဲ့ရပြီး အခြေအနေဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါ့အပြင် သြစတြေးလျသားနည်းပြက ပင်ပန်းနွမ်းနယ်မှုခံစားနေရတဲ့ရိုမဲရိုးကို ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာပဲ လူစားလဲလှယ်ခဲ့ပါတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ မန်စီးတီးကို အနိုင်ရရှိတဲ့ပွဲစဉ်အတွင်း ပွဲထွက်လာတဲ့ ဒရာဂူဆင်က ဗန်ဒီဗန်ဒဏ်ရာရရှိနေချိန်အတွင်း မြောက်လန်ဒန်ကလပ်ရဲ့လာမယ့်ပွဲစဉ်တွေအတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular