ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဟမ်တစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် ၁ လလောက်နားရမယ်လို့ သိရပါတယ်။
မက်ဒရစ်အသင်းရဲ့ဆေးအဖွဲ့က ကစားသမားကို ဒီနေ့မှာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ညာဘက်ခြေထောက်ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
အင်္ဂလန်သားဟာ လာမယ့်ဖီဖာနားရက်အပြီးမှာမှ အသင်းထံပြန်လာနိုင်ဖွယ်ရှိနေပါတယ်။ ရီးရဲလ်အတွက်တော့ အခုလိုမျိုးအဓိကကစားသမားတစ်ဦးဒဏ်ရာရခဲ့တာက ပြဿနာရှိလာနိုင်တာဖြစ်ပါတယ်။
အန်ဆယ်လော့တီကတော့ ဘယ်လင်ဟမ်နေရာမှာ ဂူလာ ဒါမှမဟုတ် မိုဒရစ်နဲ့ အစားထိုးဖို့ များနေပါတယ်။ ရီးရဲလ်အသင်းဟာ နားရက်မတိုင်ခင် ဗယ်လာဒိုးလစ် ၊ ဘက်တစ်အသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ရီးရဲလ်တာဝန်ရှိသူတွေကတော့ ဘယ်လင်ဟမ်ဒဏ်ရာအခြေအနေကို သေချာလေးဂရုစိုက်ကိုင်တွယ်ဖို့ ပြင်ဆင်နေပါတယ်။