spot_img

တိုက်စစ်ကောင်းမွန်မှုနဲ့ ဂိုးမိုးရွာခဲ့တဲ့ပွဲ

မန်ချက်စတာယူနိုက်တက် ၆-၂ လိဒ်စ်ယူနိုက်တက်

င်းလိုလိုက အရည်အသွေးမြင့်ပြီး၊ ထိရောက်မှု ရှိတယ်။ နှစ်သင်းစလုံးရဲ့ခံစစ်ကစားသမားတွေအတွက် ရူးချင်စရာကောင်းအောင်ကို ဆုံးဖြတ်ချက်တွေက မှန်ကန်ပြီး၊ မြန်ဆန်တာလည်း တွေ့ရတယ်။ ဒါကြောင့် ပထမပိုင်းမှာ မန်ယူက အခွင့်အရေး (၁၀)ကြိမ်လောက်ရပြီး လိဒ်စ်ကလည်း (၈)ကြိမ်လောက် ရခဲ့တာကို တွေ့ရတယ်။ အခွင့်အရေးဖန်တီးမှု အပိုင်းမှာလည်း သိပ်မကွာဘူး။

myan789

လိဒ်စ်က Open Play တွေမှာ တိုက်စစ်ပုံ ဖော်ကစားပုံတော်တော်လေးကောင်းပြီး၊ မန်ယူရဲ့ Open Play တွေကလည်း ကောင်းတယ်။ ဒါပေမဲ့ Counter Attack ကနေ Transition တွေကို ခပ်မြန်မြန်လုပ်ပြီး ထိုးဖောက်တဲ့ အခြေအနေတွေမှာ ပိုပြီးကြောက်စရာကောင်းတာကိုလည်း တွေ့ရတယ်။ ဒီပွဲမှာ ထူးထူးခြားခြား ပုံစံကောင်းပြခဲ့တာက တွမ်မီနေး ဖြစ်တယ်။ တွမ်မီနေးက ဘယ်တုန်းကမှ ဒီလောက်မကောင်းခဲ့ဘူး။ ဒီပွဲမှာ အကောင်းဆုံးပုံစံပြခဲ့ပြီးမှ ပွဲပြီးခါနီး ဒဏ်ရာရသွားတာက မန်ယူအသင်းထက် သူ့အတွက် စိတ်ပျက်စရာလို့ ပြောရမယ်။

ဘရူနိုဖာနန်ဒက်စ်ကတော့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေအတွက်တင်မဟုတ်ဘဲ အသင်းကို သူဦးဆောင်နေကျပုံစံအတိုင်းပဲ ဦးဆောင်ကစားသွားနိုင်ခဲ့တယ်။ သူနဲ့ တွမ်မီနေးတို့က ဒီပွဲမှာ (၂)ဂိုးစီသွင်းပြီး၊ (၁)ဂိုးစီ ဖန်တီးခဲ့ကြတာလည်းတွေ့ရတယ်။ မန်ယူအတွက် ဂိုးတွေကို (၂၊ ၃) မိနစ်တွေမှာ တွမ်မီနေး၊ (၂၀၊ ၇၀ Pen) မိနစ်တွေမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ (၃၇) မိ နစ်မှာ လင်ဒီလော့ဖ်၊ (၆၆)မိနစ်မှာ ဂျိမ်းစ်တို့က သွင်းယူခဲ့ကြပြီး လိဒ်စ်အတွက်တော့ ကူးပါး (၄၄ မိနစ်)နဲ့ ဒဲလက်စ်(၇၃ မိနစ်)တို့က သွင်းခဲ့တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular