spot_img

တန်ဟက်ကိုထုတ်ပယ်ပြီးနောက် အာမိုရင်နဲ့အစားထိုးဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ယမန်နေ့က အသင်းနည်းပြ အဲရစ်တန်ဟက်ကို ရာထူးမှဖယ်ရှားပြီးနောက် ယခုအခါမှာတော့ စပို့တင်းလစ္စဘွန်းနည်းပြ ရူဘင်အာမိုရင်နဲ့အစားထိုးဖို့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် တနင်္လာနေ့မှာပဲ ယူနိုက်တက်ဟာ တန်ဟက်ကို ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နယ်သာလန်သားထွက်ခွာချိန်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၄ ပွဲသာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

myan789

လက်ရှိအချိန်မှာတော့ တန်ဟက်ရဲ့နေရာကို လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းက ဆက်ခံထားပြီး နည်းပြသစ်မခန့်အပ်မီအချိန်အထိ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယူနိုက်တက်ပစ်မှတ်ထားနေတဲ့ အာမိုရင်ဟာ ပေါ်တူဂီသားနည်းပြတစ်ဦးဖြစ်ပြီး သတင်းတွေအရ ယူနိုက်တက်ဟာ ပေါ်တူဂီသားကို အိုးလ်ထရက်ဖို့ဒ်သို့ခေါ်ယူဖို့အတွက် ယူရို ၁၀ သန်းတန်စာချုပ်ဖျက်သိမ်းကြေးကို စပို့တင်းလစ္စဘွန်းထံပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အာမိုရင်ဟာ ယာဂင်ကလော့ပ်နေရာမှာဆက်ခံပြီး လီဗာပူးကို ကိုင်တွယ်သွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို၊ မန်စီးတီးကလည်း ဂွါဒီယိုလာနေရာမှာ ပေါ်တူဂီသားနဲ့အစားထိုးဖို့ကြိုးစားနေတယ်လို့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ယူနိုက်တက်ဟာ လက်ဦးမှုရယူဖို့ ကြိုးစားသွားမှာဖြစ်လို့ အာမိုရင်ကို အိုးလ်ထရက်ဖို့ဒ်မှာမြင်တွေ့ရဖို့ အလားအလာများနေပါတယ်။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပြီး ယူရိုပါလိဂ်မှာနိုင်ပွဲမရသေးတဲ့ယူနိုက်တက်အနေနဲ့ နည်းပြသစ်လက်ထက်မှာ တိုးတက်မှုတွေ ပြုလုပ်သွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular