spot_img

” ဇန်နဝါရီမှာ အမှတ်ပေးဇယားကို ဘယ်အသင်း ဦးဆောင်နေလဲဆိုတာ ဘယ်သူမှ မှတ်မိကြမှာ မဟုတ်ပါဘူး ” လာမယ့် ပွဲစဉ် နှစ်ပွဲ အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဆိုးလ်ရှား

လက်ရှိအချိန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ် 17 ပွဲ ကစားပြီးချိန် လီဗာပူး အသင်းက ရမှတ် 33 မှတ် အထိ စုဆောင်း ထားနိုင်ခဲ့ကာ အမှတ်ပေး ဇယားကို ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ ယူနိုက်တက် အသင်းက 16 ပွဲ ကစားပြီး ရမှတ် 33 မှတ် စုဆောင်းခဲ့ကာ ဂိုးကွာနဲ့ ဒုတိယ နေရာမှာ ရပ်တည် နေခဲ့ ပါတယ် ။

အခု တစ်ပါတ် ဗုဒ္ဓဟူးနေ့ မှာတော့ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ဘန်လေ အသင်းကို တာ့ဖ် မူးရ် ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရဖို့ ရှိနေ ပါတယ် ။ အကယ်လို့ ယူနိုက်တက် တို့သာ နိုင်ပွဲ ရယူ သွားနိုင်မယ် ဆိုရင် အမှတ်ပေး ဇယားကို ဦးဆောင်ခွင့် ရရှိ သွားမှာပဲ ဖြစ်ပါတယ် ။

myan789

ယူနိုက်တက် အသင်းဟာ 2013 ခုနှစ် တုန်းက ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွားခဲ့တဲ့နောက် ဇန်နဝါရီမှာ အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခြင်း ကင်းမဲ့ နေခဲ့ ပါတယ် ။ အခုတော့ ဆိုးလ်ရှား နဲ့ အတူ ယူနိုက်တက် တို့ဟာ ခြေလှမ်း တစ်လှမ်း ရှေ့တက် နိုင်ဖို့ တာစူ နေကြ ပါတယ် ။

ဒါဟာ ပရိသတ်တွေ အတွက်တော့ စိတ်လှုပ်ရှား စရာ ပါပဲ ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အခုနှစ်လို ထူးခြားတဲ့ ဘောလုံး ရာသီ တစ်ခု အတွင်း ဘာကိုမှ ကြိုတင် ခန့်မှန်း တွက်ချက်လို့ မရနိုင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် လာမယ့် ပွဲစဉ် နှစ်ပွဲ ( ဘန်လေ ၊ လီဗာပူး ) အကြောင်း အမေး ခံလိုက် ရချိန် မှာတော့ ဘောလုံး ရာသီ တစ်ခု ကုန်ဆုံး သွားတဲ့ အခါ မှာလည်း ဘယ်အသင်းက ဇန်နဝါရီမှာ အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်ခဲ့သလဲ ဆိုတာကို ဘယ်သူမှ အမှတ်ရလေ့ မရှိကြောင်း ဆိုးလ်ရှား က ဖြေခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ရဲ့ ပရိသတ် တွေက လက်ရှိ ကျွန်တော်တို့ အသင်း ဘယ်နေရာမှာ ရှိနေကြသလဲ ဆိုတာ နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှား နေကြတယ်လို့ သိရတာ အရမ်းကောင်း ပါတယ် ။ သူတို့ ဆီမှာ စိတ်လှုပ်ရှားမှု အချို့ ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ သိရှိ ခံစား နိုင်ကြ ပါတယ် ”

” ဒါပေမယ့် ထပ်ပြောပါရစေ ၊ ကျွန်တော်တို့ အခု အချိန် ရာသီဝက်တောင် မကုန်ဆုံးကြသေး ပါဘူး ။ ပြီးတော့ ရာသီ ကုန်ဆုံးတဲ့ အခါမှ ဘယ်သူက ဇန်နဝါရီမှာ ဦးဆောင်ခဲ့သလဲ ဆိုတာကို ဘယ်သူမှ မမှတ်မိတတ်ကြ ပါဘူး ။ ဘန်လေနဲ့ ဖြစ်ဖြစ် လီဗာပူး နဲ့ ဖြစ်ဖြစ် ကစားရတဲ့ ပွဲစဉ်တိုင်းက အရမ်းကို အရေးပါလှ ပါတယ် ”

”’ ကျွန်တော်ရဲ့ အာရုံတွေကတော့ အင်္ဂါနေ့ အပေါ်မှာ ရောက်ရှိ နေပါတယ် ။ အဲ့တာ ပြီးရင် ကျွန်တော်တို့ ဘယ်မှာ ရှိမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရတာပေါ့ဗျာ ။ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာတော့ ပွဲစဉ် တစ်ပွဲချင်းစီတိုင်းက ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ပါပဲ ”

” စမ်းသပ်ခံရမယ့် ပွဲစဉ်တွေလည်း ရှိနေ ပါတယ် ။ ပွဲစဉ်တိုင်းက ခြားနားတဲ့ စမ်းသပ် ခံရမှု ပါပဲ ။ ဝက်ဖို့ဒ် က စိန်ခေါ်မှု တစ်ခု ပေးခဲ့ ပါတယ် ။ ဘန်လေ နဲ့ ပွဲစဉ် က စိန်ခေါ်မှု တစ်ခု ဖြစ်သလို လီဗာပူး နဲ့ ကစား ရမယ့် ပွဲစဉ် ကလည်း စမ်းသပ် ခံရမှု တစ်ခု ပါပဲ ။ အဲ့တာ ပြီးရင် ကျွန်တော်တို့ ဖူလ်ဟမ် နဲ့ ကစား ကြရ ပါ့မယ် ”

” ဒါတွေက ခြားနားတဲ့ စမ်းသပ်ခံရမှု တွေကို ပေးဆောင်သွားပါ လိမ့်မယ် ။ အဆုံးသတ် အနေနဲ့ 12 ဇန်နဝါရီမှာ ဘာတွေ ဖြစ်ခဲ့လဲ ၊ အမှတ်ပေး ဇယားကို ဘယ်သူ ဦးဆောင်ခဲ့လဲ ဆိုတာ ဘယ်သူမှ မှတ်မိ နိုင်မှာ မဟုတ် ပါဘူး ။ ကျွန်တော်တို့ တွေဟာ ကောင်းမွန်တဲ့ အဟုန် တစ်ခုကို ပိုင်ဆိုင် ထားကြ ပါတယ် ”

” ကျွန်တော် တို့ဟာ မန်စီးတီး အသင်းကို ရှုံးနိမ့် ခဲ့တဲ့နောက် နိုင်ပွဲ နဲ့ အတူ တစ်ဖန် ပြန်လည် စတင်ပုံ ကောင်းမွန် သွားခဲ့ကြ ပါတယ် ။ ဟုတ်ပါတယ် ၊ ကျွန်တော်တို့ အဟုန် တစ်ခုကို ပြန်လည် ပိုင်ဆိုင် ချင်နေကြ ပါတယ် ။ အင်္ဂါနေ့မှာ နိုင်ရင်ပဲ ကျွန်တော် တို့ဟာ နှစ်ပွဲဆက် နိုင်ပြီလို့ ပြောနိုင်ပါပြီ ။ အဲ့တာဆို နောက်တစ်ပွဲကို ယုံကြည်မှု နဲ့ ရှေ့ဆက်လို့ ရပါပြီ ”

” ဒါ့ကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားရတဲ့ ပွဲစဉ်တိုင်းက ယုံကြည်မှု တွေကို တည်ဆောက်ဖို့ အတွက် အခွင့်အရေး တစ်ခု ပိုင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ် ” လို့ ဆိုးလ်ရှား က လာမယ့် ပွဲစဉ် နှစ်ပွဲကို ကစားပြီး ရာသီဝက် ချန်ပီယံ ဖြစ်နိုင်ရေး အကြောင်း အမေးခံလိုက် ရချိန် ပြန်လည် တုန်ပြန် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular