ဆွာရက် ကို 3 နှစ် စာချုပ် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားတဲ့ ဂျူဗီ

ဂျူဗီ ဟာ ဘာစီလိုနာ တိုက်စစ်မှုး ဆွာရက် ကို တစ်နှစ်လုပ်ခ ယူရို 10 သန်း + 3 နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီပြီ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်လဲ ကမ္ဘာ့ဖလားမှာတုန်းက ပြသနာ တက်ခဲ့ဖူးတဲ့ ချီရယ်လီနီ ထံ ဖုန်းဆက်ကာ ၊ တောင်းပန် စကားတွေ ပြောဆိုထားပြီးပြီ ဖြစ်သလို ၊ အီတလီ ကို လာရောက်နိုင်ဖို့ ပတ်စပို့စ် ကိစ္စတွေ ပြင်ဆင်လျှက် ရှိနေပါပြီ။

သို့သော် ဘာစီလိုနာ နဲ့ ဆွာရက် တို့ အကြားက ကိစ္စက ရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။ ကစားသမား ဟာ လက်ရှိ ကျန်နေတဲ့ စာချုပ်သက်တမ်းမှာ တစ်နှစ်လုပ်ခ အတွက် ယူရို 15 သန်း ရရှိနေတာပါ။

myan789

အကယ်၍ ဂျူဗီ ကို ပြောင်းရွှေ့ရမယ် ဆိုပါက လက်ရှိ ဝင်ငွေရဲ့ 3 ပုံ 1 ပုံ အထိ လျှော့နည်းသွားမှာ ဖြစ်လို့ ၊ ဘယ်လို အပေးအယူတွေ လုပ်ပြီး ညှိနှိုင်းဆွေးနွေးကြမလဲ ဆိုတာ ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။ ဂျူဗီ ကတော့ ခေါ်ယူရမယ့် အသင်းပီပီ အလွတ်ကြေး နဲ့ ပဲ လိုချင်မှာပါ။ ဒါကြောင့် အသက် 33 နှစ် အရွယ် ရှိတဲ့ တိုက်စစ်မှုး တစ်ယောက်ကို 3 နှစ် စာချုပ် အထိတောင် ကမ်းလှမ်းပေးခဲ့တာ ဖြစ်ပါတယ်။

သတင်းအချို့ ကတော့ ဆွာရက်ဟာ ဘာစီလိုနာ ထံကနေ လျော်ကြေး အနည်းငယ် အလိုရှိနေတယ်လို့ ခန့်မှန်း ရေးသားလျှက် ရှိနေသည့်တိုင်အောင် ၊ ကတ်တလန် သတင်းစာတွေကတော့ အဲဒီလို မဟုတ်ပဲ ဂျူဗီ ကတောင် ပြောင်းရွှေ့ကြေး အနည်းငယ် ပေးပြီး ခေါ်ယူဖွယ် ရှိနေတယ်လို့ ဖော်ပြနေပါတယ်။

ဘာစီလိုနာ နဲ့ နီးစပ်တဲ့ သတင်းတွေဟာ ဆီဗီလာ က ရာကီတစ် ကို ခေါ်ယူသွားတဲ့ ပုံစံအတိုင်း ၊ ဂျူဗီ ကလဲ ဆွာရက်ကို ခေါ်ယူလိမ့်မယ်လို့ ဆိုပါတယ်။

သို့သော် ဆွာရက် ရဲ့ ကိစ္စဟာ ရာကီတစ် နဲ့တော့ မတူပါဘူး။ နည်းပြ ရော်နယ် ကိုးမန်း ကိုယ်တိုင်က အသင်းအတွက် မလိုအပ်တော့ဘူးလို့ အသိပေးခံရလို့ ၊ အခုလို အသင်းပြောင်းဖို့ လုပ်ဆောင်လိုက်ရတာပါ။ သူကိုယ်တိုင်က အရံ ကစားသမား အဖြစ်တောင် ကစားပေးရမယ် ဆိုရင်လဲ ပြသနာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

ဂျူဗီ ကတော့ ဆွာရက် နဲ့ ဘာစီလိုနာ တို့ အကြားက လက်ကျန်စာရင်းတွေ ရှင်းပြီးတာနဲ့ တန်းပြီး စာချုပ် ချုပ်ဆိုဖို့ အသင့် ပြင်ထားပါတယ်။

တစ်ဆက်တည်းမှာပဲ အဲဒီ အငြင်းပွားမှုကသာ အချိန်တွေ ကြာနေဦးမယ် ဆိုပါက ၊ ဂျူဗီ ဟာ ဒုတိယ ပစ်မှတ်ဖြစ်တဲ့ဒီ ဇက်ကို ကို ခေါ်ယူမှာဖြစ်ပြီး ၊ ရာသီအကြို ပြင်ဆင်မှုတွေမှာ စတင်မှာ ဖြစ်တယ်လို့ တူရင် အခြေစိုက် သတင်းတွေက ဆိုပြန်ပါတယ်။

ဒါကြောင့် ဆွာရက်ဟာ ဂျူဗီ ဘက်ကို ခြေတစ်လှမ်း လှမ်းထားပြီ ဖြစ်သော်လဲ ၊ဒီ ဇက်ကို နဲ့ အပြောင်းအရွှေ့ဟာ တရားသေကြီး အဆုံးသတ် သွားပြီလို့ မှတ်ယူလို့ မရသေးတာ သေချာနေပါတယ်။

နည်းပြ ပီယာလို ကတော့ သူ့ရဲ့ တိုက်စစ်ကို ဆွာရက် + ဒီဘာလား + ရိုနာဒို နဲ့ ပုံဖော်ဖို့ စိတ်ကူးထားပြီး ၊ သုံးယောက် စလုံးရဲ့ ကစားဟန် နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် ကစားဟန် တစ်ခုကို ပုံဖော်လျှက် ရှိနေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ဆွာရက် နဲ့ ပြသနာ ဖြစ်ဖူးတဲ့ ချီရယ်လီနီ ကလဲ ဥရုဂွေး တိုက်စစ်မှုးကြီးကို အသင်းပြောင်းလာဖို့ ကြိုဆိုသွားခဲ့ပြီပြီ ဖြစ်သလို ၊ ဆွာရက် ကိုယ်တိုင်လဲ ရိုနာဒို နဲ့ တွဲပြီး ကစားရမယ့် အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။

ခံစစ်မှုး ဒီလစ်ကတော့ ငယ်ငယ်က ဟီးရိုးကြီး နဲ့ ပြန်လည် ဆုံးဆည်းခွင့် ရတော့မှာ ဖြစ်ပြီး ၊ အာသာ မီလို ဟာလဲ တူရင်မှာ ဆွာရက် နဲ့ နောက်တစ်ကြိမ် လက်တွဲခွင့် ရတော့မှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular