spot_img

ဆော်ဒီကလပ်ရဲ့ ယူရို ၇၅ သန်းတန်ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဒိုင်ဘားလား

ရိုးမားတောင်ပံကစားသမား ပေါ်လိုဒိုင်ဘားလားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကတ်ဆီယာမှ ယူရို ၇၅ သန်းတန် ကမ်းလှမ်းမှုတစ်ခုကို လက်ခံရရှိခဲ့သော်လည်း ရိုးမားမှာပဲ ဆက်လက်နေထိုင်လိုတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့သိရပါတယ်။

ယခုနွေရာသီအတွင်း ရိုးမားကနေထွက်ခွာမယ်လို့ သတင်းထွက်ပေါ်ထားတဲ့ ဒိုင်ဘားလားဟာ ပြီးခဲ့တဲ့ စီးရီးအေအဖွင့်ပွဲစဉ်မှာလည်း အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရတာကြောင့် အပြောင်းအရွှေ့ပေါ်ပေါက်လာနိုင်တယ်လို့ ယူဆခံခဲ့ရပါတယ်။ ဆော်ဒီကလပ်ဟာ ကစားသမားကို ၃ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လုပ်ခလစာအနေနဲ့ ၃ နှစ်အတွင်း ယူရို ၇၅ သန်းအထိပေးချေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

myan789

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ရိုးမားနဲ့စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့သော်လည်း စာချုပ်ပါသဘောတူညီချက်တွေအရ ဒီရာသီမှာ အသင်းအတွက် အနည်းဆုံး ၁၅ ပွဲ ပါဝင်ကစားခွင့်ရမယ်ဆိုရင် အလိုအလျောက်သက်တမ်းတိုးသွားမှာဖြစ်ပြီး ယူရို ၇.၅ သန်းအပြင် အပိုဆုကြေး ယူရို ၂ သန်းအထိရရှိသွားမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်မှ ရိုးမားသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ ဒိုင်ဘားလားဟာ အသင်းအတွက် ၇၈ ပွဲပါဝင်ကစားထားကာ ၃၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ ရိုးမားပရိသတ်တွေအနေနဲ့လည်း ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ တိုက်တွန်းထားသလို၊ ကစားသမားကိုလည်း ထွက်ခွာခြင်းမပြုဖို့ တောင်းပန်ထားတယ်လို့သိရပါတယ်။

Saudi club offer of 75 million euros to Paulo Dybala

ဒိုင်ဘားလားကလည်း အင်စတာဂရမ်မှတစ်ဆင့် “ကျေးဇူးတင်ပါတယ် ရိုးမား။ တနင်္ဂနွေနေ့မှာတွေ့ကြမယ်” လို့ရေးသားမျှဝေခဲ့တာကြောင့် အသင်းမှဆက်လက်နေထိုင်မှာဖြစ်ကြောင်း ကြေညာသလိုဖြစ်ခဲ့ပါတယ်။ နွေရာသီအစောပိုင်းမှာကတည်းက ဒိုင်ဘားလားကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ နာချိုနဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်း အူဘာမီယန်းတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့် ဥရောပကြယ်ပွင့်တွေကို ဆက်လက်ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။

ဒိုင်ဘားလားအပြင် သူနဲ့ရိုးမားမှာသာမက အာဂျင်တီးနားမှာပါ အသင်းဖော်အဖြစ်ကစားနေတဲ့ လီအန်ဒရိုပါရီဒက်စ်ကလည်း “အခုထိနားမလည်သေးတဲ့လူတွေကိုပြောချင်တာက ဒိုင်ဘားလားက ကျွန်တော်တို့နဲ့ပဲ အတူတူရှိနေမှာပါ” လို့ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားမျှဝေခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular