spot_img

ဆောက်သမ်တန်နှင့် သရေကျခဲ့သော်လည်း အာဆင်နယ်ကစားသမားကို ချစ်နေဆဲဖြစ်သောအာတီတာ

သောကြာနေ့ညက ကစားသည့်ပွဲတွင် အာဆင်နယ်သည် အိမ်ကွင်းတွင် ဆောက်သမ်တန်ကို သရေကျခဲ့သည်။ ဆောက်သမ်တန်သည် ပထမပိုင်း ၁ မိနစ်နှင့် ၁၄ မိနစ်တို့တွင် အယ်လ်ကာရက်ဇ် ဝဲလ်ကော့တို့၏သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပထမပိုင်းမိနစ် ၂၀ တွင် ဆာကာ၏ဖန်တီးပေးမှု မှတစ်ဆင့် အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုးပြန်သွင်းနိုင်ခဲ့သည်။ ပထမပိုင်းအပြီးတွင် ဆောက်သမ်တန်က ၁-၂ ဖြင့် ဦးဆောင်နေနိုင်သည်။

ဒုတိယပိုင်း ၆၆ မိနစ်တွင် ကာလီတာကားက ဆောက်သမ်တန်အတွက် တစ်ဂိုးသွင်းပြီး ဆောက်သမ်တန်က ၃-၁ ဖြင့်ဦးဆောင်နိုင်ခဲ့သည်။ ပွဲပြီးကာနီး ၈၈ မိနစ်နှင့် နာကျင်အချိန်ပိုတို့တွင် အိုဒီဂတ်နှင့် ဆာကာတို့က ဂိုးများသွင်းယူနိုင်သဖြင့်သာ အာဆင်နယ်တို့ အိမ်ကွင်းတွင် ဆောက်သမ်တန်ကို ၃ ဂိုးစီသရေကစားနိုင်ခြင်းဖြစ်သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် သုံးပွဲဆက်တိုက်အမှတ်လျော့ခဲ့သော်လည်း ဆောက်သမ်တန်၏ ဦးဆောင်ကစားမှုကို ပြန်လည်တုံ့ပြန်နိုင်ခဲ့သည့်အတွက် အာဆင်နယ်ကစားသမားများကို ကျေနပ်ကြောင်း အာတီတာက ထုတ်ဖော်ပြောဆိုပြောဆိုလိုက်သည်။

myan789

“ကိုယ့်ကိုယ်ကို အခက်တွေ့အောင် လုပ်လိုက်သလိုပါပဲ။ ဘောလုံးလောကမှာ အမှားဆိုတာရှိတတ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကစားသမားတွေက တုံ့ပြန်ကြိုးစားခဲ့ပါတယ်။ သူတို့ကို အရင်ကထက်တောင်မှ ကျွန်တော်က ချစ်နေပါသေးတယ်။ အမှားအယွင်းတွေကနေ ဂိုးပေးခဲ့ရပေမယ့် ပြန်ပြီးကြိုးစားနိုင်ခဲ့ပါတယ်။ ဒီပွဲက အနိုင်ရသင့်တဲ့ပွဲလို့ ထင်ပါတယ်။ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ပေမယ့်ဂိုးမရခဲ့ပါဘူး ဒါကတော့စိတ်ပျက်စရာပါ။ ဒါပေမယ့် ငယ်ရွယ်တဲ့ အာဆင်နယ်အသင်းရဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုကတော့ ကျေနပ်စရာပါ။ ကျွန်တော်ပြောချင်တဲ့ မက်ဆေ့ချ်က ရှင်းပါတယ်။ အာဆင်နယ်ကစားသမားတွေကို ကျွန်တော်ချစ်ပါတယ်။ သူတို့က အခြားမည်သူထက်မဆို အနိုင်ရချင်စိတ်ရှိတယ်လို့လည်း ယုံကြည်ပါတယ်။ ဒီလိုစိတ်ဓာတ်နဲ့တိုက်ပွဲဝင်လိုစိတ်ကို အဝတ်လဲခန်းထဲမှာတွေ့ရပါတယ်”ဟု အာတီတာက ပြောဆိုလိုက်သည်။

အာဆင်နယ်သည် မန်စီးတီးထက် ၅ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း နှစ်ပွဲပိုကစားထားပြီး လာမည့် ဗုဒ္ဓဟူးနေ့တွင် အီတီဟက်ကွင်း၌ မန်စီးတီးနှင့် ကစားရန်ရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular