spot_img

ဆုဖလားတွေ ရနိုင်ဖို့ ဘာလိုအပ်သလဲ ဆိုတာ ဖွင့်ဟရင်း ဈေးကွက်ထဲ လှုပ်ရှားဖို့မရှိကြောင်း အရိပ်အမြွက္ပြောလိုက်တဲ့ ယူနိုက်တက် လက်ထောက် ဥက္ကဋ္ဌ အက်ဒ် ဝုဒ်ဝါ့ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ရဲ့ အနာဂတ်ဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဆက်လက် ရှိနေဖို့အတွက် မရေမရာ ဖြစ်နေခဲ့ပေမယ့် လက်ထောက် ဥက္ကဋ္ဌ ဖြစ်သူ အက်ဒ် ဝုဒ်ဝါ့ဒ်ကတော့ နော်ဝေသား နည်းပြဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းကို ရောက်ရှိလာတာ နှစ်နှစ် ပြည့်မြောက်ပါတော့မယ် ။ ဒါပေမယ့် အသင်းကို လက်ရှိ အချိန်ထိ တည်ဆောက် နေဆဲ ဖြစ်ပြီး တည်ငြိမ်တဲ့ ရလဒ် တစ်ခုကို ရယူ နိုင်ဖို့ ၊ အကောင်းဆုံး XI ယောက် အသင်းကို ပိုင်ဆိုင် ချပြ နိုင်ဖို့ ရုန်းကန် နေရဆဲပဲ ဖြစ်ပါတယ် ။

myan789

ဒါပေမယ့် အက်ဒ် ဝုဒ်ဝါ့ဒ် ကတော့ ဆိုးလ်ရှားရဲ့ စီမံကိန်းကို နှစ်ခြိုက် နေခဲ့ပြီး ထောက်ခံ စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။ ဒါ့အပြင် ဆုဖလားတွေကို ဆွတ်ခူး နိုင်ရေး အတွက်တော့ တည်ငြိမ်တဲ့ အသင်း တစ်သင်းကို ပိုင်ဆိုင်ဖို့ အရင်ဦးဆုံး လိုအပ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကွင်းထဲမှာ ပရိသတ်တွေ တစ်ဖန် ပြန်လည် မရောက်လာခဲ့ ကြသေးပေမယ့် အသင်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ အချိန်ထက် ပိုပြီး ကောင်းမွန်တဲ့ အရာတွေကို မြင်တွေ့ နေခဲ့ရပါပြီ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ အဆင့် 3 နေရာနဲ့ ရာသီ ကုန်ဆုံး နိုင်ဖို့ အတွက် ကျွန်တော်တို့ 14 ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားပြ နိုင်ခဲ့ကြ ပါတယ် ”

” ဒီနှစ် ရောက်တော့လဲ ကျွန်တော်တို့တွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ PSG၊ RB လက်ပ်ဇစ် အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ခမ်းနားတဲ့ နိုင်ပွဲတွေ ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ။ ဟုတ်ပါတယ် ၊ ဆု ဖလား တွေကို ရယူနိုင်ရေး အတွက် တည်ငြိမ်မှု တစ်ခု ရရှိဖို့ အလုပ်တွေ အထူး ကြိုးစားရမယ် ဆိုတာ ကျွန်တော်တို့ သိရှိကြ ပါတယ် ”

” ဒါပေမယ့် ကွင်းထဲနဲ့ လေ့ကျင့်ရေးကွင်းထဲမှာ ကျွန်တော်တို့ တွေဟာ အပေါင်း လက္ခဏာ ဆောင်ကျဉ်းတဲ့ အရာ တွေကို တွေ့မြင် ခဲ့ကြရ ပါတယ် ။ အဲ့တာ တွေက အိုလီ ၊ နည်းပြ အဖွဲ့ဝင် တွေနဲ့ ကစားသမားတွေ အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်မှု တွေကို ဆက်လက် မြင့်တက် စေခဲ့ ပါတယ် ” လို့ အက်ဒ် ဝုဒ်ဝါ့ဒ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက ဘရူနို ဖာနန်ဒက်စ်ကို ပေါင် 67.8 သန်းနဲ့ ခေါ်ယူ ထားခဲ့ သလို ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းကလည်း ဗန်ဒီ ဘိခ် ၊ အဲလက်စ် တဲလက်စ် နဲ့ အီဒင်ဆန် ကာဗာနီ တို့ကို ခေါ်ယူ ထားခဲ့ပါ သေးတယ် ။

ဒါပေမယ့် နွေတုန်းက ဦးစားပေး အဖြစ် ပစ်မှတ် ထားနေခဲ့တဲ့ ဒေါ့မွန် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ကိုတော့ မခေါ်ယူ နိုင်ခဲ့ ပါဘူး ။ အခုတော့ အက်ဒ် ဝုဒ်ဝါ့ဒ် က ကိုဗစ် ၁၉ ကို ဗန်းပြ ၊ သုံးစွဲခဲ့တဲ့ ကိန်းဂဏန်း အချို့ကို ချပြရင်း ကစားသမားသစ် ခေါ်ယူနိုင်ဖွယ် မရှိကြောင်း အရိပ်အမြွတ် ပြောကြားသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့တွေဟာ ကူးစက် ရောဂါ ဖြစ်ခဲ့စဉ် ကတည်းက အပြောင်းအရွှေ့ လုပ်ဆောင်ရေးနဲ့ ပတ်သက်လို့ စည်းမျဉ်းသစ် အချို့ ဆွဲခဲ့ကြပေမယ့် အသင်းကို ဆက်လက် တောင့်တင်းစေဖို့ အတွက် ကြိုးစား အားထုတ်မှုတွေ လုပ်ဆောင် ဖြစ်လိမ့်မယ်ဆိုတဲ့ အကြောင်းကို ဧပြီ တုန်းက ထုတ်ပြော ဖြစ်ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ အဲ့တာကို လုပ်ဆောင် ပေးနိုင်ခဲ့ ကြတယ်လို့ ကျွန်တော် ယုံကြည် နေပါတယ် ။ ပြီးခဲ့တဲ့ နွေတုန်းက အပြောင်းအရွှေ့ လုပ်ဆောင်မှု ကိုပါ ပေါင်းထည့် လိုက်မယ် ဆိုရင် ကျွန်တော် တို့ဟာ 2019 နွေကတည်းက အခုထိ အသားတင် ယူရို သန်း 200 ကျော် သုံးစွဲ ထားခဲ့ပြီး ပါပြီ ”

” ဒါက အဲ့ဒီ ကာလ အတွင်း အခြား ဥရောပ အသင်းတိုင်းထက် ငွေပိုသုံးခဲ့တဲ့ ပမာဏ တစ်ခု ပါပဲ ။ ကျွန်တော် တို့ဟာ အိုလီ ကို plan တစ်ခု နဲ့ ဆက်လက် ထောက်ခံ သွားကြမှာပါ ။ ပြီးခဲ့တဲ့ နွေတုန်းက အပြောင်းအရွှေ့ လုပ်ဆောင်မှု အနေအထားကို အခြေခံပြီး ရေရှည် ကစားပေး နိုင်မယ့်သူတွေကို ဆက်ခေါ်ကြမှာပါ ” လို့ ဝုဒ်ဝါ့ဒ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular