spot_img

ဆာအဲလက်စ်သာ ရှိနေခဲ့ရင် မန်ချက်စတာ ဒါဘီအပြီး ရှယ်အညှော်ခံရမယ့် ကစားသမားက ဘယ်သူဖြစ်နေမလဲဆိုတာ ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်သာ ဖော်ဆောင် ထားနိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် အပြီးမှာတော့ ယူနိုက်တက် ကစားသမား တွေနဲ့ မန်စီးတီး ကစားသမားတွေက ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြပါ သေးတယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားနဲ့ ဂျွန်စတုန်းတို့ ဖက်လှဲတကင်း နှုတ်ဆက် ကြတဲ့ အပေါ် ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပေါက်ကွဲ ခဲ့ပါ သေးတယ် ။ အခုတော့ ဖာဒီနန်က ဆာ အဲလက်စ် ဖာဂူဆန်သာ ရှိနေရင် မက်ဂွားယားတော့ ဒုက္ခ ရောက်ပြီလို့ ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

ဒါ့အပြင် ဆာ အဲလက်စ် က မန်စီးတီး အသင်းကို ရှုံးနိမ့် ခဲ့တဲ့နောက် ပြိုင်ဖက် ကစားသမား ဖြစ်သူ နဲ့ ဂျာစီ လဲလှယ်ပြီး အဝတ်လဲခန်းထဲ ဝင်ရောက် ခဲ့တဲ့ နစ္စတယ်ရွိုင်းကို ဘယ်လောက်အထိ ညှော်ခဲ့ သလဲ ဆိုတဲ့ အဖြစ်အပျက် နဲ့ပါ ဥပမာပေး ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ပျင်းရိဖွယ် မန်ချက်စတာ ဒါဘီ ပွဲစဉ်ပဲ ဖြစ်ခဲ့ရ ပါတယ် ။ ကြည့်နေရတာတော့ သူတို့ ကြိုးစား ကစားနေကြပုံ ပါပဲ ။ ဒါပေမယ့် သွင်းဂိုးတွေ ပျောက်ဆုံး နေခဲ့ရ ပါတယ် ။ 0-0 ဆိုတဲ့ ရလ ဒ် ကတော့ တစ်ကယ့်ကို ပျင်းရိဖွယ် ကောင်းလွန်းခဲ့ ပါတယ် ။ အဆုံးသတ်မှာလည်း သူတို့တွေ ပွေ့ဖက် နှုတ်ဆက် နေခဲ့ကြတယ် ”

” အဲ့တာကို ဆိုရှယ် မီဒီယာ အထက်မှာ လူတွေ ညှော်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ မျိုးဆက်သစ် တွေက ခြားနားလွန်းကြ ပါတယ် ။ သူတို့ ဆီကနေ ကျွန်တော်တို့ တုန်းကလို အရာတွေကို မျှော်လင့် နေလို့ မရနိုင်တော့ ပါဘူး ။ ကျွန်တော် တို့ တုန်းက ပွေ့ဖက် နှုတ်ဆက်တာ ၊ နမ်းတာတွေ မရှိခဲ့ ပါဘူး ”

” အထူးသဖြင့် မန်စီးတီး ကစားသမား၊ လီဗာပူး ကစားသမား တွေနဲ့ အဲ့ဒီလို လုပ်စရာ ဘယ်လို အကြောင်းမှ မရှိခဲ့ ပါဘူး ။ ဒါဟာ ကျွန်တော်တို့ အကြားမှာ ရှိနေခဲ့တဲ့ ရူးသွပ်ဖွယ် ကောင်းလောက်အောင် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခြင်း ဆိုတဲ့ အကြောင်းပြချက်ကြောင့် ပါပဲ ။ ကျွန်တော်တို့ သူတို့ တွေကို မနှစ်သက် ခဲ့ကြ ပါဘူး ”

” သူတို့ရဲ့ ကွင်းထဲမှာဆို ရှိနေသင့်တဲ့ အချိန်ထက် ပိုပြီး အချိန် နည်နည်းလေးတောင် ပိုနေရတာကို ကျွန်တော်တို့ မနှစ်မြိုခဲ့ကြ ပါဘူး ။ ကျွန်တော်တို့ တွေဟာ စီးတီး ပရိသတ် ဖြစ်ဖြစ် ၊ သူတို့ရဲ့ ကစားသမား ဖြစ်ဖြစ် ၊ ပွဲစဉ် မတိုင်မီရော ၊ ပွဲစဉ် ပြီးဆုံးသွားတဲ့နောက်ပါ ဘယ်လို ဆက်ဆံရေးမှ မပြသခဲ့ကြ ပါဘူး ”

” အဲ့ဒီတုန်းက ကျွန်တော်တို့တွေလည်း ပြိုင်ဖက် အသင်းထဲမှာ ခင်မင် ရင်းနှီးသူ ရှိခဲ့ ကြတာ ပါပဲ ။ လက်စ်ကော့ ၊ ကွန်ပနီ အပါအဝင် ဂျိုးဟတ် ၊ ဂါးရက် ဘယ်ရီ တို့လို ကစားသမားတွေတောင် မန်စီးတီး အသင်းမှာ ရှိနေ ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အဲ့ဒီတုန်းက ကျွန်တော်တို့ တွေဟာ ဘယ်သူ့ကိုမှ ဖက်လှတကင်း မနှုတ်ဆက် ခဲ့ကြ ပါဘူး ”

” အများဆုံး အနေနဲ့ သူတို့ တွေကို လက်ဆွဲ နှုတ်ဆက်မယ် ၊ ‘ အဆင်ပြေရဲ့လား သာကြီး ‘ ဒါလောက် ပြောမယ် ဆိုတာလောက်ပဲ ရှိခဲ့ ပါတယ် ။ ကျွန်တော်တို့ အကြား ဘယ်လို နေရမှာလဲ ဆိုတဲ့ ကိုယ်ပိုင် အသိစိတ် တစ်ခု ရှိခဲ့ကြပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က ခါးသီး ပြိုင်ဖက်တွေ ဖြစ်နေကြလို့ ပါပဲ ”

” သူတို့ ဘာလို့ အခုလို ဖက်လှတကင်း နှုတ်ဆက်ခဲ့ ကြတာလဲ ဆိုတာကို ကျွန်တော် တစ်ကယ်ပဲ နားမလည် ပါဘူး ။ ဒါမျိုးက ကျွန်တော် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ အရာပါ ။ အသင်းမှာ အခြားသူတွေလည်း အလားတူ ပါပဲ ။ ဒါပေမယ့် အခုခေတ် လူငယ်တွေ ခြားနားကြတယ် ဆိုတာတော့ ကျွန်တော် သိပါတယ် ”

” ဒါပေမယ့် ကျွန်တော် လုံးဝ မမေ့သေးတဲ့ အဖြစ်အပျက် တစ်ခုတော့ ရှိခဲ့ဖူး ပါတယ် ။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင် ရောက်ရှိ တုန်းက စတင် ကစားခဲ့ရတဲ့ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲကို Maine လမ်းမှာ လုပ်ခဲ့ကြပါတယ် ။ မန်စီးတီး အသင်းရဲ့ ကွင်းဟောင်းပေါ့ဗျာ ”

” ကျွန်တော်တို့ 3 – 1 နဲ့ ရှုံးနိမ့်ခဲ့ကြတယ်လို့ ထင်ပါတယ် ။ အဲ့ဒီနောက် အဝတ်လဲခန်း ထဲကို ရောက်ခါနီး အချိန်မှာ တစ်ခုခုတော့ ထူးခြားနေပြီ ဆိုတာကို ကျွန်တော် ခံစား သိရှိ နိုင်ခဲ့ ပါတယ် ။ ကျွန်တော်တို့ ထိုင်နေချိန်မှာ ရုဒ် (နစ္စတယ်ရွိုင်း) က မန်စီးတီး ဂျာစီဝတ်ပြီး အခန်းထဲ ဝင်လာခဲ့ ပါတယ် ။ သူဟာ ဂျာစီလဲလှယ် ခဲ့တာပါ ”

” ဆာ အဲလက်စ် က သူ့ကို မြင်တာ နဲ့ အမှန်အကန် ဆော်တော့တာ ပါပဲ ။ သူ့ရဲ့ မျက်နှာက ဒေါသကြောင့် ရဲတွတ် နေခဲ့ ပါတယ် ။ သူက ‘ ဒါဘီ ပွဲစဉ် တစ်ပွဲ ကစားပြီးတာ နဲ့ မင်းဟာ သူတို့ရဲ့ ဂျာစီကို ဝတ်ပြီး အဝတ်လဲခန်းထဲ ဝင်လာစရာ အကြောင်း မရှိဘူူူးကွ ။ အဝတ်လဲခန်းထဲ သူတို့ရဲ့ ဂျာစီ တစ်ထည်ကိုတောင် ယူလာစရာ အကြောင်းမရှိဘူး ” လို့ ပေါက်ကွဲခဲ့ ပါတယ် ။

” အဲ့ဒီ ကတည်းက ဆာ အဲလက်စ် ရဲ့ သဘောထားကို ကျွန်တော် ကောင်းကောင်း ခံစား နားလည်နိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် ဒီလို အချက်မျိုးကို ကျွန်တော်တို့ အားလုံး သေချာ မှတ်သား ခဲ့ကြ ပါတယ် ။ နောက်ပိုင်း မှာတော့ ကျွန်တော်တို့ ကစားခဲ့ကြတဲ့ ယူနိုက်တက် Vs စီးတီး ဒါဘီ ပွဲစဉ်တိုင်းမှာ ပွေ့ဖက်တာ ၊ နမ်းတာမျိုး လုံးဝ မရှိခဲ့ရ ပါဘူး ”

” ကျွန်တော် အသင်းကို စရောက် ကတည်းက ဒီလို မှတ်သားဖွယ်ရာ တွေကို ပိုင်ဆိုင်ခဲ့ပြီး အဲ့တာတွေကို လိုက်နာရင်း ရှေ့ဆက်ခဲ့ ပါတယ် ။ အခုအတွက် မေးခွန်း ကတော့ ကွင်းထဲမှာ ရှိနေ ကြတဲ့ သူတွေ အားလုံး အတွက် စည်းမျဉ်းစည်းကမ်း တွေဟာ ပျောက်ကွယ် သွားခဲ့ပြီလား ဆိုတာ ပါပဲ ။ ဆာ အဲလက်စ် သာ ရှိနေရင် သူတို့ မလွယ် ပါဘူး ”

” အသင်း ခေါင်းဆောင်က ပြိုင်ဖက် အသင်းသားကို ပွေ့ဖက် နှုတ်ဆက် နေတဲ့ပုံကို ထိုင်ကြည့် နေတဲ့သူ ရှိနေလား ? သူတို့ သူငယ်ချင်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဒီလို လုပ်တာ မျှတာ ပါတယ် ၊ မှန်ကောင်း မှန်နိုင် ပါတယ် ။ ဒါပေမယ့် ‘ မင်းတို့တွေ ကွင်းထဲမှာ ဒါတွေ လုပ်လို့မရဘူး ၊ မင်းတို့ ဘာတွေ လုပ်နေကြတာလဲကွ ? ‘ လို့ ပြောမယ့်သူရော ရှိနေသေးလား ? သူတို့ကို အဲ့တာတွေ ပြောမယ့်သူက ဘယ်သူလဲ ? အရင်နဲ့ အခုနဲ့ ခြားနားချက်ကတော့ ဒါပါပဲ ” လို့ ဖာဒီနန် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular