spot_img

ဆာလာနှင့် ဗန်ဒိုက်တို့ ဆောက်သမ်တန်နှင့်ပွဲကို လွဲချော်ဖွယ်ရှိသော်လည်း ဒဏ်ရာအခြေအနေမှာ စိုးရိမ်ဖွယ်မရှိဟု ယာဂန်ကလော့ပ် ပြောကြား

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က FA ဖလား ဗိုလ်လုပွဲတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသော တိုက်စစ်မှူး ဆာလာနှင့် နောက်ခံလူ ဗန်ဒိုက်တို့မှာ အင်္ဂါ နေ့(ယနေ့)ယှဉ်ပြိုင်ရမည့် ဆောက်သမ်တန်နှင့်ပွဲကို လွဲချော်ဖွယ်ရှိသော်လည်း ဒဏ်ရာအခြေအနေမှာ စိုးရိမ်ဖွယ်မရှိဟု ပြောကြားခဲ့သည်။

ယင်းပွဲတွင် ဆာလာသည် ပွဲချိန်(၃၃) မိနစ်ကတည်းက ပေါင်ခြံဒဏ်ရာရရှိကာ လူစားလဲခံခဲ့ရသလို၊ ဗန်ဒိုက်မှာလည်း မိနစ် (၉၀)တွင် ဒူးဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသည်။ ထို့ကြောင့် လီဗာပူးလ်ပရိသတ်များက ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် လွဲချော်ရမည်ကို စိုးရိမ်ခဲ့ကြသော်လည်း ယာဂန်ကလော့ပ်က စိုးရိမ်ဖွယ်မရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

ကလော့ပ်က “ပွဲအပြီးမှာ နှစ်ယောက်စလုံးနဲ့ ကျွန်တော် စကားပြောခဲ့ပြီး နှစ်ယောက်စလုံး OK ပါတယ်။ အင်္ဂါနေ့ပွဲအမီ သူတို့ပြန်ကစားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လူစားလဲခဲ့တာကတော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေပါပဲ။ နှစ်ယောက်စလုံးက တစ်ခုခုခံစားရပေမဲ့ ဆက်ကစားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်က ဆာလာကို စောစောလူစားလဲခဲ့ပြီး ဗန်ဒိုက်ကိုတော့ ဆက်ကစားစေခဲ့ပါတယ်။ ပွဲက မိနစ်(၉၀)နဲ့ အဆုံးမသတ်တာကြောင့် လူစားလဲခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယင်းကဲ့သို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ချယ်လ်ဆီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ FA ဖလား ဆွတ်ခူးနိုင်ခဲ့သည်။ ယာဂန်ကလော့ပ်သည် FA ဖလား ရယူနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲတိုင်း၌ ဆုဖလားအားလုံး ရယူပေးနိုင်သည့်နည်းပြလည်း ဖြစ်လာခဲ့သည်။

ထို့ပြင် လိဂ်ဖလားနှင့် FA ဖလားကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲရောက်ရှိနေသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဒုတိယနေရာဖြင့် ဖလား(၄)လုံးအောင်ပွဲကို ဆက်လက်မျှော်လင့်ခွင့်ရှိနေသည်။ ယင်းအတွက် စုစုပေါင်း(၃)ပွဲသာ ယှဉ်ပြိုင်ရ တော့မည်ဖြစ်ရာ အဓိကကစားသမား လွဲချော်ရမည်ကို လီဗာပူးလ်ပရိသတ်များက စိုးရိမ်နေခြင်းလည်းဖြစ်သည်။

သို့သော် ဆာလာကလည်း အခြေအနေကောင်းမွန်ကြောင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုအပြည့် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းသည် မေ(၂၈)တွင် ရီးယဲလ်နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular