ဆာဂျီယို ရိုမဲရိုး ဟာ လီဗာပူး လိုအပ်နေတဲ့ အသင့်တော်ဆုံး အရန်ဂိုးသမား ဖြစ်လာမလား ?

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က လီဗာပူး ရဲ့ ရှုံးပွဲ ဟာ ဘောလုံး လောက တစ်ခုလုံးကို အံ့အား သင့်စေခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် ရဲ့ လက်ရှိ ချန်ပီယံဟာ ဗီလာ ပါ့ခ် မှာ အိမ်ရှင် အက်စတွန် ဗီလာ အသင်း ကို 7 ဂိုး 2 ဂိုး နဲ့ အရေးနိမ့် ခဲ့တာ ဖြစ်ပြီး ဒီရလဒ် ဟာ သူ့ရှေ့ မှာ ကစား ခဲ့တဲ့ စပါး ၆ – ၁ မန်ယူနိုက်တက် ရလဒ် ကို တောင် လွှမ်းမိုး သွားခဲ့ရ ပါတယ် ။ ဘယ် အမှတ်ပေး ချန်ပီယံ ကမှ မနှစ်က တန်းဆင်းမယ့် အရေးကနေ လက်တစ်လုံး အလိုနဲ့ လွတ် လာခဲ့တဲ့ အသင်းကို ဒီလို မရှုံးခဲ့ ဖူးတာကြောင့် ပါပဲ ။

လီဗာပူး တို့ ရှုံးနိုင် ပါတယ် ၊ ၃ ဂိုး ၄ ဂိုး ၅ ဂိုးတွေ နဲ့ ရှုံးနိုင် ပါတယ် ။ ဒါပေမယ့် 7 ဂိုး ဆိုတာ က တော့ အသင်းကြီး တစ်သင်း ၊ ဒိထပ် ပြောရရင် လက်ရှိ ချန်ပီယံ အသင်း တစ်သင်း အတွက် လုံး၀ မဖြစ်သင့်တဲ့ ရလဒ် ပါ ။ ဒီအတွက် လီဗာပူးတို့ အကြီးအကျယ် အရှက်ကွဲခဲ့ မှာ အသေအချာ ပါပဲ ။

myan789

ဒီ ပွဲ နဲ့ ပတ်သက်ပြီး တိုက်ဆိုင်တဲ့ အရာ တစ်ခု ရှိခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ ဂိုးသမား နေရာမှာ မီဂွယ် အက်ဒရီယန် ပွဲထွက် ခဲ့တာ ပါပဲ ။ အသင်းရဲ့ နံပါတ် ၁ ဂိုး သမား အဲလစ်ဆွန် နာသွားတာ ကြောင့် အစားဝင် ဖမ်းခဲ့တဲ့ ဒီဂိုး သမား အကြောင်းကို လီဗာပူး ပရိသတ်တွေ ကတော့ အခြားသူတွေ ထက် ပိုပြီး သိနေမှာ သေချာ ပါတယ် ။

လီဗာပူး ဟာ ဂိုးသမားတွေ ရဲ့ နှိပ်စက်မှု ကို နှစ်ပေါင်း များစွာ ခံစား ခဲ့ရတဲ့ အသင်းပါ ။ ဆိုင်မွန် မစ်ဂနိုလတ် ၊ လိုးရစ် ကရီးယပ် တို့ ဟာ အံ့အား သင့်လောက်ဖွယ်ရာ အမှားတွေ နဲ့ လီဗာပူး ကို အကြိမ်ပေါင်းများစွာ ကျရှုံး စေခဲ့ ပါတယ် ။ အဲလစ်ဆွန် ဘက်ကာ ရောက်လာ အပြီးမှာတော့ ဒီ အိပ်မက်ဆိုးတွေ ဟာ လွှင့်စင် ကင်းပျောက် သွားခဲ့ ပါတယ် ။

ဒါပေမယ့် အရန် ဂိုးသမား နေရာ အတွက် တော့ ရှာဖွေ ခဲ့ရ ပါတယ် ။ ဘာဖြစ်လို့လည်း ဆိုတော့ ယာဂင် ကလော့ က မစ်ဂနိုလတ် ရော ကရီးယပ် ကိုပါ ရှင်းထုတ်မှာ မို့ပါပဲ ။ နောက်ဆုံး မှာတော့ ပရီးမီးယားလိဂ် အတွေ့ အကြုံ ရှိတဲ့ မီဂွယ် အက်ဒရီယန် ကို ခေါ်နိုင် ခဲ့ ပါတယ် ။

စပိန်သား ရဲ့ ပထမဆုံး ပွဲက ချဲလ်ဆီး နဲ့ ကစားတဲ့ ယူရိုပါလိဂ် မှာပါ ။ လီဗာပူး တို့ နိုင်ပြီး ဖလား ရခဲ့ ပါတယ် ။ လီဗာပူး ရဲ့ ဂိုးသမား ပြဿနာ ဟာ လုံး၀ ဇာတ်သိမ်း သွားပြီလို့ အားလုံးက ထင်မှတ် ခဲ့ကြပါတယ် ။ ဒါပေမယ့် ဒါတွေ က ယာယီမျှသာ ပါပဲ ။

မနှစ် က လီဗာပူး တို့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ကနေ ထွက်ရတဲ့ ပွဲမှာ အက်ဒရီယန် ဝင်ဖမ်း ခဲ့ ပါတယ် ။ သူ ဝင်ဖမ်းရတဲ့ ပွဲတွေမှာ မဖြစ်သင့်တဲ့ အမှားတွေ ၊ ဆုံးဖြတ်ချက်တွေ က နေ ပြိုင်ဘက်တွေကို ဂိုးတွေ ရစေခဲ့ပြီး လီဗာပူး ကို နစ်နာ စေခဲ့ ပြန်ပါတယ် ။ ဗီလာ နဲ့ ပွဲမှာ လည်း သူ့ရဲ့ ပေါ့ဆမှု ကနေ အဖွင့်ဂိုး စပေး ခဲ့ရပြီး တစ်သင်းလုံးကို စိတ်ဓါတ် ကျစေခဲ့ တာပါ ။

အဲ့ဒိဂိုး ဟာ မဟာ ဂိုးပြတ် ရှုံးနိမ့်မှုကြီး ရဲ့ အစပါပဲ ။ ဒီဂိုးသာ မပေးခဲ့ရဘဲ လီဗာပူး က အဖွင့်ဂိုး သွင်းနိုင် ခဲ့မယ် ဆိုရင် ဘာဖြစ်နိုင်မလဲ . . . အနည်းဆုံးတော့ ဒီပွဲ ကို လီဗာပူးတို့ မနိုင် ခဲ့ရင်တောင် ဒီလောက် ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့မှာ မဟုတ်တာ အသေအချာပါပဲ ။ အရှုံးက တစ်သင်းလုံးနဲ့ ဆိုင်ပေမယ့် အဓိက ကျသူတွေ ကို ဆွဲထုတ် ရရင်တော့ မီဂွယ် အက်ဒရီယန် ရဲ့ အမည်က ထင်းထင်းကြီး ပါလာမှာပါ ။

ဒါကြောင့် လာမယ့် ဇန်နဝါရီမှာ လီဗာပူး တို့ ဂိုးသမား ထပ်ရှာရ ပါဦးမယ် ။ ဘာလို့လည်း ဆိုတော့ အဲလစ်ဆွန် ဘက်ကာ ကို ပွဲတိုင်း သုံးဖို့ မဖြစ်နိုင်လို့ ပါပဲ ။ အခုလို အချိန် ကာလ မှာ ဒဏ်ရာ ပြဿနာ အပြင် ကိုရိုနာ ဗိုင်းရပ်စ် ကလည်း တစ်ပတ် ဆယ်ရက်လောက် ကျိန်းသေ နားရမယ့် ဒဏ်ရာသစ် အဖြစ် ပါဝင်လာခဲ့ ပါပြီ ။ ဒီ ရောဂါ ကြောင့်ပဲ ဗီလာ နဲ့ ပွဲကို မာနေး လွဲခဲ့ရတာပါ ။ နောက်လည်း ဖြစ်မယ် မဖြစ်ဘူး အာမ မခံနိုင် ပါဘူး ။

လီဗာပူး မှာ တိုက်စစ် ၊ ကွင်းလယ် နဲ့ ခံစစ် အတွက် back-up ကောင်းတွေ ရှိပါတယ် ။ ဒါပေမယ့် ဂိုးသမား နေရာ အတွက်တော့ မရှိသေးပါဘူး ။ ကိုဗစ် ပိုး ဟာ ၁ ပတ် ကနေ ၂ ပတ် လောက်ထိ နားသွားရနိုင် တာကြောင့် ပွဲကြပ် ပွဲဆက်တွေ များတဲ့ ဖေဖော်ဝါရီ လိုမျိုးမှာသာ ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေး ကို ကြိုတင် တွက်ဆ ထားပြီး ဇန်နဝါရီ မှာ လှုပ်ရှား ရမှာပါ ။

အရန် အတွက် ဂိုးသမား ကောင်းတွေ ရှိပါတယ် ။ ဒါပေမယ့် လတ်တလော မှာတော့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားကြီး ဆာဂျီယို ရိုမဲရိုး ဟာ လီဗာပူး ရဲ့ လိုအပ်ချက် နဲ့ လုံး၀ ကိုက်ညီ နေမှာပါ ။ အတွေ့ အကြုံရင့်တယ် ၊ ဥရောပ ဖလားပွဲတွေ ဖမ်းဖူးတယ် ၊ လက်စွမ်း တည်ငြိမ်တယ် ၊ အရန်ခုံ ထိုင်ရလို့ စကားမများဘူး စတဲ့ အချက်တွေ က ဒီဂိုးသမားကြီး ကို အန်ဖီးလ် ကွင်းဆီ ခေါ်ဆောင်ဖို့ လုံလောက်တဲ့ အကြောင်းတရားတွေ ပါပဲ ။

ရိုမဲရိုး ဘက်ကလည်း လီဗာပူး ကို ငြင်းစရာ အကြောင်း မရှိနိုင် ပါဘူး ။ ဒီဂီယာ – ဟန်ဒါဆင် အားပြိုင်မှုမှာ ဒုတိယ ဦးစားပေး ကနေ တတိယ ဦးစားပေးကို ရောက်သွားတဲ့ ရိုမဲရိုး ဟာ အနာဂါတ် အတွက် အိုးထရက်ဖိုဒ့် ကနေ ထွက်ဖို့ ကြိုးစား နေပါပြီ ။

ဒီအပြောင်းအရွှေ့မှာအသင်းပေးမပြောင်းတဲ့အတွက်ရိုမဲရိုးရဲ့ဇနီးကတောင်ဝေဖန်ပြောဆိုခဲ့တာပါ။ဇန်နဝါရီမှာတော့ သေချာပေါက်ထွက်ဖြစ်ပါလိမ့်မယ်။ရိုမဲရိုးလီဗာပူးကိုရောက်လာနိုင်ပါတယ် ၊မရောက်လာရင်လည်းကိစ္စတော့မရှိပါဘူး။ဒါပေမယ့်backupဂိုးသမားကောင်းတစ်ယောက်တော့ မဖြစ်မနေ လိုအပ် နေမှာပါ . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular