ဆာဂျီယို ရိုမဲရိုးကို ဂန္တဝင်ကစားသမားဟောင်း တစ်ဦးနဲ့ ခိုင်းနှိုင်းလိုက်ပြီး လေ့ကျင့်ရေးကွင်းမှ ကြိုးစားမှုတွေကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ ယူနိုက်တက် ဂိုးနည်းပြ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးနည်းပြ ဖြစ်သူ ရစ်ချက် ဟားတစ်က အရံ ဂိုးသမား ဖြစ်သူ ဆာဂျီယို ရိုမဲရိုးကို ဂိုးသမားဟောင်း တစ်ဦး ဖြစ်သူ အက်ဒ်ဝင် ဗန်ဒါဆား နဲ့ ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။ ဟားတစ် ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆိုးလ်ရှား ရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် ပူးပေါင်း ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ် ။

ဆာဂျီယို ရိုမဲရိုးဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အခြား ဖလားပွဲ တွေသာ ကစားခွင့် ရရှိ နေသူ ဖြစ်ပြီး အမှတ်ပေး ဖလား ပြိုင်ပွဲ တွေမှာတော့ ဒီဂီယာ ရဲ့နောက် နံပါတ် နှစ် အဖြစ် နဲ့သာ အချိန် ငါးနှစ် အထိ ရပ်တည် နေခဲ့ ရသူပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက် တို့ LASK အသင်းနဲ့ ကစား ခဲ့တဲ့ ယူရို ပါလိဂ် ပြိုင်ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိ ထားခဲ့ ပါတယ် ။

myan789

လက်ရှိ အချိန် မှာတော့ ရိုမဲရိုးဟာ ဒီဂီယာကို ကျော်ဖြတ်ပြီး အသင်း ရဲ့ လက်ကျန် ယူရို ပါလိဂ် ပွဲစဉ် တွေမှာ ပွဲထွက် ကစားခွင့် တွေကို ပိုင်ဆိုင် နိုင်ဖို့ မျှော်မှန်း နေသူပဲ ဖြစ်ပါတယ် ။ အခုတော့ ဟာတစ်က ဂိုးသမားကောင်း တွေနဲ့ အလုပ်လုပ်ရတဲ့ အတွေ့အကြုံ ကို မျှဝေရင်း ရိုမဲရိုး ရဲ့ စွမ်းဆောင်ရည် တွေကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” သူ (ရိုမဲရိုး) ဟာ အတွေ့အကြုံ ရင့်ကျက်တဲ့ ဂိုးသမား တစ်ဦး ဖြစ်တယ် ဆိုတာ သိသာ ထင်ရှားလှ ပါတယ် ။ သူဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ရဲ့ ဖိုင်နယ် အဆင့် မှာတောင် ပါဝင် ယှဉ်ပြိုင်ခဲ့ ဖူးတဲ့ တစ်ကယ့် လက်ရွေးစင် ဂိုးသမားကောင်း တစ်ဦး ပါပဲ ။ သူဟာ အလုပ်တွေ အရမ်း ကြိုးစားတယ် ဆိုတာကို ကျွန်တော် တွေ့ရှိ ခဲ့ရ ပါတယ် ”

” သူဟာ စိတ်ပိုင်း ဆိုင်ရာ အကြမ်းခံ နိုင်စွမ်း ရှိတဲ့ ဂိုးသမား တစ်ဦး ပါပဲ ။ သူဟာ နေ့စဉ်နေ့တိုင်း ပိုကောင်း လာဖို့ အတွက်ပဲ ကြိုးစား နေသူ တစ်ဦးပါ ။ အခု အသက် 33 နှစ် ရှိနေတာတောင် သူဟာ ကောင်းသထက် ကောင်းဖို့ အခြေခံ သဘောတရားတွေကို ကြိုးစား လေ့ကျင့် နေဆဲ ပါပဲ ။ သူဟာ အမြဲ လန်းဆန်း တက်ကြွ နေတတ် ပါတယ် ”

” ကစားသမားကောင်း တွေက ညှိနှိုင်း ထိန်းချုပ် နိုင်စွမ်း ရှိတတ်ကြ ပါတယ် ။ ဘောလုံး ကစားသမား တွေ ဆိုတာ အသက် အရွယ် ကြီးလာ လေလေ လှုပ်ရှားမှုတွေ နှေးကွေး လေလေ ၊ ဦးနှောက် သွေးကြော ခုန်နှုန်း မြန်ဆန်လာလေ ပါပဲ ။ ဆာဂျီယိုဟာ အဲ့တာ တွေနဲ့ အံဝင် နိုင်ဖို့ အတွက် ကြိုးစား လေ့ကျင့် နေခဲ့သူ တစ်ဦး ပါပဲ ”

” သူဟာ ဗဟုသုတ ရှာဖွေဖို့ ဆာလောင် နေတတ်သူ တစ်ဦးပါ ။ သူဟာ လေ့ကျင့်ရေး အစီအစဉ် ပြီးဆုံးတိုင်း ၊ ပွဲစဉ် တစ်ပွဲ ကစား ပြီးတိုင် video clips လေးတွေ ပြန်ကြည့်ဖြစ် ပါတယ် ။ အဲ့တာ တွေကို ကြည့်ရှု လေ့လာပြီး သူဟာ ပိုပြီး တိုးတက် ကောင်းမွန်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ချင့်ချိန် နေတတ်သူ တစ်ဦးပဲ ဖြစ်ပါတယ် ”

” အဲ့ဒီလို ကြိုးစားမှု ၊ အကဲဖြတ်မှု တွေကပဲ သူ့ကို တည်ငြိမ်တဲ့ ဂိုးသမား တစ်ဦး ဖြစ်နေ စေတာ ပါပဲ ။ သူက တစ်ကယ့် ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်ပါ ။ သူက အရာရာ တိုင်းကို အလေးအနက်ထား လုပ်ဆောင်သူ တစ်ဦး ပါပဲ ။ ကျွန်တော် အသင်းကို ရောက်လာ ကတည်းက သူဟာ လေ့ကျင့်ရေး အစီအစဉ် ကို တစ်ကြိမ်ပဲ ပျက်ကွက် ထားပါ သေးတယ် ”

” အခြား အချိန်တွေ မှာတော့ သူဟာ မြက်ခင်းပြင်ပေါ် သွားရောက်ပြီး နေ့စဉ်နေ့တိုင်း ညွှန်ကြားထားတာ တွေကို ကြိုးစားလုပ်ဆောင်လေ့ ရှိနေတတ် ပါတယ် ။ ကျွန်တော် အလုပ် လုပ်ခဲ့တဲ့ နာမည်ကျော် ဂိုးသမား တွေနဲ့ သူ့ရဲ့ စိတ်ဓါတ်က အတော်လေး ဆင်တူလှ ပါတယ် ။ သူဟာ ဗန်ဒါဆားလို ပါပဲ ။ ဆာဂျီယို ဟာ ထိပ်တန်း ဘောလုံး အသင်းမှာ အံဝင် နိုင်မယ့် ဂိုးသမား တစ်ယောက်ပါ ”

” ဂိုးသမား ဆိုတာက ဘောလုံး မရရှိတဲ့ အချိန်တွေ မှာတောင် အသင်း အပေါ် အကျိုး သက်ရောက်မှု လုပ်ဆောင် နိုင်ဖို့ လိုအပ် ပါတယ် ။ အခြား သူတွေ မလုပ်ဆောင် နိုင်တဲ့ အသင်းလိုက် ကစားပုံ တွေမှာ သူတို့ ပါဝင် နိုင်ဖို့ ၊ အခြားသူတွေ မဖမ်းယူ နိုင်တဲ့ ဘောလုံး တွေကို ဖမ်းယူ နိုင်ဖို့ လိုအပ် ပါတယ် ။ ဒီမှာ ရှိတဲ့ ဂိုးသမား တွေက အဲ့တာတွေ လုပ်ဆောင်ရ ပါတယ် ”

” နည်းစနစ်ပိုင်း အရ ကြည့်လိုက်မယ် ဆိုရင် ဆာဂျိယိုဟာ အရမ်းကောင်း ပါတယ် ။ သူဟာ ဆုံးဖြတ်ချက် အမြန် လုပ်ဆောင်မှု တွေနဲ့ အတူ အသင်းရဲ့ ကစားပုံ တွေကို ပြောင်းလဲ စေဖို့ ကူညီပေးနိုင် ပါတယ် ။ ဒေးဗစ် ကလည်း အဲ့တာ တွေကို လုပ်လေ့ ရှိပါတယ် ။ အတွေ့အကြုံ ရင့်ကျက်တဲ့ ဂိုးသမား တိုင်းက ဒါကို လုပ်နိုင် ကြတယ်လေ ” လို့ ဟားတစ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular