မန်ယူအသင်းသည် အသင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ် နှင့် အဲရစ်တန်ဟက်ဂ်နှင့် ပြဿနာကြောင့် အရန်ခုံထိုင်နေရသည့် ဆန်ချိုတို့ နှစ်ဦးတွဲကို ပေါင် (၂၆)သန်းမျှဖြင့် ဂျူဗင်တပ်စ်အသင်းထံ ရောင်းထုတ်ရန် စီစဉ်နေသည်ဟု သိရသည်။
မန်ယူအသင်းသည် ယင်းကစားသမားနှစ်ဦးအတွက် ပေါင်သန်း ရာချီ အသုံးပြုခဲ့ရသလို ဆန်ချိုအတွက် အလွန်မြင့်မားသည့် လစာငွေကိုလည်း ပေးချေခဲ့ရပြီး ယခုအခါ နှစ်ဦးစလုံးမှာ မအောင်မြင်သည့် အပြောင်းအရွှေ့များဖြစ်လာခဲ့သည်။
ဆန်ချိုသည် လက်ရှိအချိန်တွင်မန်ယူ အသင်းကစားသမားများ ပါဝင်သည့် WhatsApp Group မှပင် ထုတ်ပယ်ခံထားရသူလည်း ဖြစ်သည်။ အသင်းက သူ့အား အသုံးမပြုသည့်အတွက် အလွန်မြင့်မားသည့်လစာငွေ ပေးချေနေရသလို အငှားချထားပါက လည်း လစာအများအပြား စိုက်ထုတ်ပေးရမည်ဖြစ်သည်။
ယင်းအတွက် မန်ယူအသင်းသည် ၎င်းကစားသမား (၂) ဦးတွဲကို ပေါင် (၂၆)သန်းသာ စျေးသတ်မှတ်ကာ ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။