ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို စိတ်ဝင်စားနေပြီး ယခုအခါမှာတော့ ကစားသမားကိုခေါ်ယူနိုင်ဖို့ အသင်းမှ တောင်ပံကစားသမား ရာဟင်မ်စတာလင်၊ ဒါမှမဟုတ် နောက်ခံလူ ဘင်ချီဝဲလ်ကိုအလိုက်ပေးပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
Sky Sport ရဲ့ဖော်ပြချက်အရ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအလယ်ပိုင်းမှ အသင်း ၂ သင်းဟာ စနေနေ့ အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီမှာပဲ သဘောတူညီမှုတစ်ခုရရှိဖို့ ဆွေးနွေးမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ စတာလင်နဲ့ ချီဝဲလ်တို့ကိုစိတ်ဝင်စားနေသော်လည်း အပြောင်အရွှေ့မပိတ်သိမ်းခင် သဘောတူညီမှုရရှိဖို့တော့ ခက်ခဲနိုင်တဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။
ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဆန်ချိုဟာ ယူနိုက်တက်ရဲ့လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ယခုနွေရာသီမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့သေချာသလောက်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက အသင်းဟောင်း ဒေါ့မွန်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့တဲ့ ဆန်ချိုဟာ ယခုနွေရာသီမှာအသင်းသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်း ကစားသမားဟာ ပင်နယ်တီအဆုံးအဖြတ်မှာ လွဲချော်ခဲ့ပြီးနောက် အခုချိန်အထိ ယူနိုက်တက်ရဲ့ပွဲစဉ်တွေမှာပါဝင်ခွင့်မရဘဲ ဆက်တိုက်ချန်လှပ်ခံထားရတာဖြစ်ပါတယ်။
ယူနိုက်တက်လည်း သင့်တော်တဲ့တန်ကြေးသာရမယ်ဆိုရင် ဆန်ချိုကိုရောင်းချဖို့အဆင်သင့်ရှိနေသလို ချဲလ်ဆီးကလည်း အင်္ဂလန်သားကိုခေါ်ယူဖို့ ထိပ်ဆုံးကနေဦးဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ တိုက်စစ်ကစားသမားတွေ အများအပြားပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးဟာ ယခုနွေရာသီအတွင်းမှာပဲ ပီဒရိုနက်တိုနဲ့ ဂျိုအိုဖီးလစ်တို့ကို ထပ်မံခေါ်ယူထားပြီးဖြစ်ပေမယ့် နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်အပါအဝင် ဆန်ချိုကိုပါ ပစ်မှတ်ထားနေသေးတာဖြစ်ပါတယ်။
နည်းပြအန်ဇိုမာရက်စ်ကာအနေနဲ့ စတာလင်ရဲ့နေရာမှာအစားထိုးဖို့ ဆန်ချိုကို မျက်စိကျနေတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ စတာလင်ဟာ ချဲလ်ဆီးရဲ့လူစာရင်းမှာ အထုတ်ခံထားရပြီး လေ့ကျင့်ရေးကွင်းမှာလည်း လူငယ်ကစားသမားတွေနဲ့သာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ဆန်ချိုကိုခေါ်ယူနိုင်ဖို့ စတာလင်ကိုအလိုက်ပေးပြီးကမ်းလှမ်းလိုနေတာဖြစ်ပါတယ်။ စတာလင်အပြင် ဘင်ချီဝဲလ်ကလည်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခွင့်မရဘဲ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းနေရပါတယ်။
ယူနိုက်တက်အနေနဲ့ ဒဏ်ရာရနေတဲ့ လုခ်ရှောနေရာမှာ ဘင်ချီဝဲလ်နဲ့အစားထိုးနိုင်ဖို့မျှော်လင့်နေပြီး စတာလင်ထက်စာရင် ချီဝဲလ်ကိုခေါ်ယူဖို့ ပိုမိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဆန်ချိုကို ချဲလ်ဆီးတစ်သင်းတည်းသာ စိတ်ဝင်စားနေတာမဟုတ်ဘဲ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်ကလည်း ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။
နည်းပြသစ် သီယာဂိုမော့တာလက်ထက်မှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတဲ့ဂျူဗင်တပ်စ်ဟာ ဆန်ချိုကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်၊။ သို့သော်လည်း ယူနိုက်တက်ကတော့ တောင်ပံကစားသမားကို အပြီးသတ်ရောင်းချဖို့သာဆန္ဒရှိနေတာကြောင့်