ခရိုတိုနီ – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် မေလ ၂၃ ရက် နံနက် ၁:၁၅ နာရီ)
ခရိုတိုနီက တန်းဆင်းသွားပေမဲ့ စီးရီးအေနှုတ်ဆက်ပွဲတွေမှာ တတ်နိုင်သလောက် ရလဒ်ကောင်းအောင် ရုန်းကန်ပြနေတယ်။ ဗီရိုနာလို မာဂုဏ်မြင့်အသင်းကို အိမ်ကွင်းမှာ အနိုင်ကစားပြထားလို့ စုဖွဲ့မှုကောင်းပေမဲ့ ကစားပုံလျော့ရဲတတ်တဲ့ ဖီအိုရင်တီးနား အမှတ်လျော့သွားနိုင်တယ်။
ကာဂလီယာရီ – ဂျီနိုအာ (မြန်မာစံတော်ချိန် မေလ ၂၃ ရက် နံနက် ၁:၁၅ နာရီ)
ခက်ခဲတဲ့ရာသီတစ်ခုအဆုံးသတ်ချိန်မှာ အောင်ပွဲနဲ့အတူ ပိတ်သိမ်းနိုင်အောင် ကာဂလီယာရီ မျှော်လင့်နေပါလိမ့်မယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာ အနိုင်ရထားပေမဲ့ ဂျီနိုအာရဲ့ အဝေးကွင်းခြေစွမ်းက အားရစရာမရှိဘူး။ ကာဂလီယာရီ နိုင်မယ်။
ဆမ်ဒိုးရီးယား – ပါးမား (မြန်မာစံတော်ချိန် မေလ ၂၃ ရက် နံနက် ၁:၁၅ နာရီ)
ဆမ်ဒိုးရီးယားက အင်တာမီလန်ကို ဂိုးပြတ်ရှုံးခဲ့တာကလွဲ ပြီး နောက်ဆုံးပွဲတွေမှာ အာရုံစိုက်အမှတ်ယူနေတယ်။ စီးရီးအေကို နှုတ်ဆက်မယ့် ပါးမားက အရာအားလုံးပြိုလဲနေပြီး ခံစစ်ကလည်း ဂိုးတွေအများကြီးပေးနေရတယ်။ ပုံမှန်အတိုင်းဆိုရင် ဆမ်ဒိုးရီးယား (၂)ဂိုးပြတ် နိုင်ပါလိမ့်မယ်။