ဖီအိုရင်တီးနား – ဆလာနီတာနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၈:၃၀ နာရီ)|
ဖီအိုရင်တီးနားက ဗလာဟိုဗစ်ရဲ့ ဦးဆောင်မှုနဲ့ ဥရောပဝင်ခွင့် ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး တိုက်စစ်ကစားပုံကလည်း အားရစရာ အရမ်းကောင်းတယ်။ ဆလာနီတာနာက တန်းတက်တွေထဲမှာ အားအနည်းဆုံးအသင်းပါ။ အိမ်ရှင် နိုင်ပွဲဆက်ဦးမယ်။
ဗင်နီဇီယာ – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၁၁:၃၀ နာရီ)
ဂျူဗင်တပ်စ်က နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲနိုင်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ နည်းပြ အယ်လီဂရီရဲ့အသင်းက အကောင်းဆုံးပုံစံမရသေးဘူး။ နောက်ပိုင်းပွဲတွေမှာ ဒီဘားလား ဂိုးပေါက်ပြန်တွေ့လာတာကတော့ ဂျူဗင်တပ်စ်အတွက် အားရစရာဖြစ်တယ်။ ဗင်နီဇီယာက ဂျူဗင်တပ်စ်အတွက် ခက်ခဲတဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ ဂျူဗင်တပ်စ် နိုင်ပွဲဆက်ဖို့ရှိပြီး ဂိုးပြတ်၊ မပြတ်ဘဲ စဉ်းစားရမယ့်ပွဲပါ။
အူဒီးနီးစ် – အေစီမီလန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၂ ရက် နံနက် ၂:၁၅ နာရီ)
အူဒီးနီးစ်က အမ်ပိုလီနဲ့ပွဲမှာ ဒယ်လိုဖူရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ဂိုးတွေဆက်တိုက်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင်တော့ ရလဒ်ကောင်းအောင်ကစားတတ်ပါတယ်။ အေစီမီလန်ကလည်း ချန်ပီယံလိဂ်က ထွက်ခဲ့ရလို့ ပြည်တွင်းမှာ ပိုမိုဂရုစိုက်ကစားလာဖို့ ရှိပါတယ်။ စီးရီးအေ နောက်ဆုံး (၂)ပွဲဆက်တိုက်လည်း Clean Sheet နိုင်ပွဲတွေရခဲ့တယ်။ အေစီမီလန် အနိုင်သေချာပြီး ဂိုးများမယ့်ပွဲပါပဲ။