ဖီအိုရင်တီးနားအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ပြင်သစ် ဝါရင့်တောင်ပံကစားသမား ရီဘာရီသည် လာမည့်ရာသီ၌် စီးရီးအေတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
အသက် (၃၈)နှစ်အရွယ်ရှိ ရီဘာရီသည် ဖီအိုရင်တီးနားအသင်းတွင် (၂)နှစ်ကစားခဲ့ပြီးနောက် အသင်းလက် မဲ့ဖြစ်နေသူဖြစ်သည်။
ရီဘာရီ၏အေးဂျင့် ဒေးဗစ်လစ်ပီက “သူ့ကို ခေါ်ချင်တဲ့ ကလပ်အသင်းများစွာ ရှိပါတယ်။ ဒါပေမဲ့ ရီဘာရီက ကျွန်တော့်ကို စီးရီးအေမှာပဲ ဆက်ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။ သူက အီတလီဘောလုံးလောကကိုချစ်ပြီး ပျော်ရွှင်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ရီဘာရီသည် ဖီအိုရင်တီးနားအသင်းတွင် ဆက်ကစားရန် ဆန္ဒရှိခဲ့သော်လည်း ဖီအိုရင်တီးနားအသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းမရှိသဖြင့် အသင်းလက်မဲ့ဖြစ်နေခြင်းဖြစ်သည်။