လက်ရှိရာသီတွင် အင်တာမီလန်အသင်း စီးရီးအေချန်ပီယံဆု မရရှိခဲ့ပါက နည်းပြ ကွန်တီ ရာထူးမှနုတ်ထွက်ရမည်ဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုနောက်ဆုံးနေရာဖြင့် အင်တာမီလန်အသင်း ထွက်ခွာခဲ့ရသောကြောင့် အင်တာမီလန်အသင်းတာဝန်ရှိသူများသည် ကွန်တီကို စိတ်ပျက်ဒေါသထွက်နေပြီး စီးရီးအေချန်ပီယံ မဖြစ်မနေရယူရန် ဖိအားပေးထားသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ဝေဖန်မှုများစွာကျရောက်လာခဲ့သော်လည်း ကွန်တီက ”စီးရီးအေချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားတဲ့အသင်းတွေထဲ ကျွန်တော်တို့ ပါဝင်နေတာ သိပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရာအားလုံး မတည်မငြိမ်ဖြစ်နေချိန်မှာ ခန့်မှန်းမှုတွေက အဖြစ်မှန်နဲ့ဝေးနေတတ်ပါတယ်။ ကိုရိုနာဗို်င်းရပ်စ်ကြောင့် ကျွန်တော်တို့ အခက်တွေ့ခဲ့ရပါတယ်”ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရလဒ်မကောင်းခြင်းအပေါ် ကိုရိုနာဗိုင်းရပ်စ်အပေါ် လွှဲချသည့်ကွန်တီ၏ လုပ်ရပ်မှာလည်း လှောင်ပြောင်ခံနေရသည်။
အင်တာမီလန်အသင်းသည် လက်ရှိတွင် စီးရီးအေအမှတ်ပေးဇယား၌ အဆင့်(၂)နေရာတွင်ရှိနေပြီး ထိပ်ဆုံးမှ အေစီမီလန်အသင်းနှင့် (၃)မှတ်သာ ကွာဟလျက်ရှိသည်။