spot_img

စီရော်နယ်လ်ဒို ပြန်လာခြင်းသည် မန်ချက်စတာယူနိုက်တက်အသင်း၏ဆွဲဆောင်နိုင်စွမ်းကို လက်တွေ့ပြသရာရောက်သည်ဟု ဆိုးလ်ရှား မှတ်ချက်ပြု

မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာခြင်းသည် အသင်း၏ဆွဲဆောင်နိုင်စွမ်းကို လက်တွေ့ပြသရာရောက်ခဲ့သည်ဟု နည်းပြ ဆိုးလ်ရှား ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုအား စာချုပ်ချုပ်ဆိုနိုင်မှုကို မန်ယူအသင်းဝက်ဘ်ဆိုက်က တရားဝင်ကြေညာရာတွင် ဆိုးလ်ရှား၏မှတ်ချက်စကားကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

myan789

ထို့ပြင် ဆိုးလ်ရှားက စီရော်နယ်လ်ဒို၏အကြောင်းကို စကားလုံးများနှင့် မဖော်ပြနိုင်ကြောင်းလည်း ချီးကျူးခဲ့သည်။

”ခရစ္စတီယာနိုအကြောင်းကို စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး။ သူက အံ့အားသင့်စရာကောင်းတဲ့ကစားသမား တစ်ဦးသာမဟုတ်ဘဲ ကြီးမြတ်တဲ့လူသားတစ်ဦးလည်း ဖြစ်ပါတယ်။ အချိန်ကာလတစ်ခုကြာ ထိပ်တန်းအဆင့်မှာကစားနိုင်ဖို့ အရည်အသွေးနဲ့ ဆန္ဒပြင်းပြမှုရှိရေးက သာမန်ထက်ထူးကဲတဲ့ လူသားတစ်ဦးဖြစ်နေဖို့ လို အပ်ပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့အားလုံးရဲ့အထင်ကြီးယုံကြည် မှုကို ဆက်လက်သယ်ဆောင်သွားဖို့ သံသယရှိစရာ မလိုပါဘူး။ သူ့ရဲ့ အတွေ့အကြုံကလည်း အသင်းက လူငယ်ကစားသမားတွေအတွက် မရှိမဖြစ် အရေးပါပါတယ်။ ရော်နယ်လ်ဒိုပြန်လာမှုဟာ ဒီအသင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ဆွဲဆောင်နိုင်စွမ်းကို လက်တွေ့ပြရာရောက်ပါတယ်။ သူ့အတွက် အရာအားလုံးစတင်တဲ့ အိမ်လိုမျိုးနေရာကို ပြန်လာလို့ ကျွန်တော် အရမ်းဝမ်းသာမိပါတယ်”ဟု စီရော်နယ်လ်ဒိုက အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်သောကြာနေ့ကတည်းက သဘောတူညီမှုရရှိထားသည့် ဂျူဗင်တပ်စ်အသင်းမှ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်း တိုးခွင့်အချက်ကိုပါ စာချုပ်တွင် ထည့်သွင်းထားကြောင်း သြဂုတ် ၃၁ ရက်က အတည်ပြုကြေညာခဲ့သည်။

သတင်းများတွင်ဖော်ပြချက်အရ မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ပေးချေရပြီး Add-ons ကြေးအဖြစ် ငါးနှစ်ကျော်အတွင်း ယူရို ၈ သန်းပေးချေရမည်ဖြစ်ကာ ယင်းထဲမှ ယူရို ငါးသန်းကို ဂျူဗင်တပ်စ် အသင်းထံ သေချာပေါက် ပေးရဖွယ်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular