ဂျူဗင်တပ်စ်အသင်း၏ ၀ါရင့်ဂိုးသမားဟောင်း ဘူဖွန်က စီရော်နယ်လ်ဒိုကြောင့် ဂျူဗင်တပ်စ်အသင်း၏ DNA ပျောက်ဆုံးသွားခဲ့ရကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းအတွက် (၁၃၅)ပွဲကစားကာ (၁၀၁) ဂိုး သွင်းယူပေးခဲ့သလို၊ စီးရီးအေချန်ပီယံဆု (၂)ကြိမ်လည်း ရရှိခဲ့သည်။
သို့သော် ဘူဖွန်က ”ကျွန်တော် PSG မှာ ရှိနေစဉ် သူ စရောက်တဲ့ ပထမနှစ်မှာ ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလားရနိုင်ခြေ ရှိခဲ့ပါတယ်။ ဘာကြောင့်မရလဲတော့ ကျွန်တော် မပြောတတ်ပါဘူး။ ဂျူဗင်တပ်စ်ကို ကျွန်တော် ပြန်ရောက်ပြီး သူနဲ့ (၂)နှစ် အတူတွဲကစားခဲ့ရပါတယ်။ ဘာပြဿနာမှ မရှိပေမဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ DNA ပျောက်ဆုံးသွားပြီလို့တော့ တွေးမိခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။