spot_img

စီရော်နယ်လ်ဒိုကို ခေါ်ယူရန် PSG အသင်း ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု AS သတင်းစာ ဖော်ပြ

PSG အသင်းသည် ဂျူဗင်တပ်စ်အသင်း နှင့် အနာဂတ်မတည်မငြိမ်ဖြစ်သည့် နာမည် ကြီးတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ယခုနွေရာသီတွင် ခေါ်ယူရန် ဆွေးနွေးနေကြောင်း စပိန်နိုင်ငံထုတ် AS သတင်းစာက ဖော်ပြခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်း နှင့် လာမည့် ၂၀၂၂ ခုနှစ် ဇွန်လမှ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း နည်းပြသစ်ဖြစ်လာသည့် အယ်လီဂရီက ၎င်းအား ရောင်းချရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ အသက် ၃၆ နှစ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုသည် ဂျူ ဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာ ယူရို ၃၁ သန်းအထိရရှိနေပြီး နည်းပြသစ် အယ်လီ ဂရီ၏ အနာဂတ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိတော့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

myan789

PSG အသင်းသည် စီရော်နယ်လ်ဒို၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့် ဆွေးနွေးမှုများပြုလုပ်နေသော်လည်း ဂျူဗင်တပ်စ် အသင်းနှင့်မူ မည်သည့်ဆွေးနွေးမှုမျှ မလုပ် ရသေးကြောင်း သိရသည်။ ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ရရှိလျှင်ပင် လက်လွှတ်ဖွယ်ရှိ သည်ဟု သတင်းများထွက်ပေါ်နေပြီး PSG အသင်းကမူ တိုက်စစ်မှူး အီကာဒီနှင့် အလဲအလှယ်ပြုလုပ်သွားရန် ဆန္ဒရှိနေသည်။

PSG အသင်းအပြင် စီရော်နယ်လ်ဒိုကို အသင်းဟောင်း မန်ယူကလည်း စိတ်ဝင်စားနေပြီး Tuttosport သတင်းစာ၏ သတင်းဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းအနေဖြင့် မန်ယူ အသင်းကွင်းလယ်လူ ပေါ့ဘာနှင့် အလဲအထပ် ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular