spot_img

စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန်အတွက် မန်ယူအသင်း၏နည်းပြရာထူးကို လက်ခံခဲ့ခြင်းဖြစ်သည်ဟု တန်ဟက်ဂ် ဆို

အေဂျက်စ်အသင်းနည်းပြ တန်ဟက်ဂ်က မိမိအနေဖြင့် မန်ယူအသင်း၏ နည်းပြရာထူးကို လက်ခံခဲ့ခြင်းမှာ စိန်ခေါ်မှုသစ်များကို ရင်ဆိုင်လို၍ဖြစ်ကြောင်း ပြောကြားသည်။

မန်ယူအသင်းသည် အသက် ၅၂ နှစ် အရွယ်ရှိ ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်ကို သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုကာ အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း ဧပြီ ၂၁ ရက်တွင် ကြေညာခဲ့ပြီး တန်ဟက်ဂ်သည် မန်ယူအသင်းနည်းပြအဖြစ် ဇူလိုင် ၁ ရက် တွင် စတင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

myan789

တန်ဟက်ဂ်က မိမိအနေဖြင့် အေဂျက်စ်အသင်းကို စွန့်ခွာပြီး မန်ယူအသင်းကို ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ကြီးမားသည့်စိန်ခေါ်မှုသစ်များကို ရင်ဆိုင် လို၍ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က “မတ်လကုန်ပိုင်းလောက် မှ မန်ယူအသင်းက ကျွန်တော့်ကို ဆက်သွယ်ပြီး အသင်းနည်းပြရာထူးအတွက် ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးမှုတွေက အဆင်ပြေပြီး ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုသစ်တွေ ကို ရင်ဆိုင်လိုတာကြောင့် မန်ယူအသင်းရဲ့ နည်းပြရာထူးကို ကျွန်တော်လက်ခံလိုက်တာပါ။ ဒီအလုပ်က ခက်ခဲမယ်ဆိုတာကို ကျွန် တော်သိပါတယ်။ ဒါပေမဲ့ ကြီးကျယ်ခမ်းနားတဲ့ စိန်ခေါ်မှုဖြစ်ပြီး ဒါက ဘောလုံးရဲ့ အလှတရားလည်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

လာမည့်ရာသီတွင် မန်ယူအသင်းကို ပြောင်းလဲကိုင်တွယ်မည့် တန်ဟက်ဂ်သည် အေဂျက်စ်နည်းပြဘဝ ငါးနှစ်တာအတွင်း အေဂျက်စ်အသင်းကို ဒတ်ချ်လိဂ်ချန်ပီယံ သုံးကြိမ်၊ ဒတ်ချ်ဖလား နှစ်ကြိမ်၊ ယိုဟန်ခရိုက်ဖ်ဒိုင်းတစ်ကြိမ် ရယူပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular