spot_img

စာချုပ်သစ် ကိစ္စ ဆုံးဖြတ်ချက် မမှားစေဖို့ ဝိုင်နယ်ဒမ် ကို သတိပေးမှုတွေ လုပ်ခဲ့ကြတဲ့ ပေါလ် စခိုး နဲ့ ပီတာ ခရော့ချ်

လီဗာပူး နဲ့ ဝိုင်နယ်ဒမ် တို့ အကြားက လက်ရှိ စာချုပ်သက်တမ်းဟာ ဒီရာသီ ကုန်တာ နဲ့ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ ဇန်နဝါရီ 1 ရက်နေ့ ရောက်တာ နဲ့ အခြား ကလပ်အသင်း တစ်ခုခု နဲ့ အကြို သဘောတူညီမှု ရယူခွင့် ရှိနေပါတယ်။

လက်ရှိ အချိန်ထိတော့ ဝိုင်နယ်ဒမ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာ တစ်သင်းပဲ ကျယ်ကျယ်လောင်လောင် အသံထွက်လာသေးပြီး ၊ အခြား ကလပ်တွေတော့ မကြားမိသေးပါဘူး။

myan789

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ပေါလ်စခိုးကတော့ ဝိုင်နယ်ဒမ် အနေနဲ့ လီဗာပူးမှာပဲ ဆက်ပြီး နေသင့်တယ်လို့ တိုက်တွန်းလိုက်ပြီး ၊ အရွေးမမှားအောင် သတိပြုသင့်တယ်လို့ အကြံပေးသွားခဲ့ ပါတယ်။

“ ဝိုင်နယ်ဒမ် ဘာလို့ လီဗာပူး ကနေ ထွက်ချင်ရမှာလဲ? လီဗာပူး ဟာ အမြဲတမ်းလိုလို တိုက်စစ်ကို အသားပေးတဲ့ ကစားဟန် နဲ့ ဖျော်ဖြေနေတဲ့ အသင်းပါ။

သူဟာ ဘာစီလိုနာ နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဘယ်လို အနေအထားတွေ ဖြစ်လာဦးမလဲ မသိပါဘူး။ လီဗာပူး ဟာ ဒီနှစ်လဲ ပရီးမီးယားလိဂ် ဖလားကို ရဦးမှာပါ။ အဲဒီလို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အသင်းကနေ ဘာလို့ ထွက်တော့မှာလဲ။

သူ့ ရဲ့ ကစားဟန်က ဘာစီလိုနာ ရဲ့ ကစားဟန် နဲ့ ဆင်ပါတယ်။ အံ့ဝင်မယ်လို့လဲ ယူဆရပါတယ်။ ပြီးတော့ ဘာစီလိုနာ နဲ့ ဒတ်ချ် ဘောလုံးသမားတွေ အကြားက သမိုင်းကြောင်းတွေကြောင့် ၊ အသင်းပြောင်းမယ် ဆိုရင်တော့ အကြီးကြီးတွေ ဖြစ်လာနိုင်ပါသေးတယ်။ အထူးသဖြင့် ရော်နယ်ကိုးမန်း ကလဲ ရှိနေတယ်လေ။ ဒါပေမယ့် သူဟာ ဒီရာထူးမှာ ဘယ်လောက်အထိ ကြာကြာခံမလဲ ဆိုတာ ဘယ်သူမှ သိတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ လက်ရှိမှာလဲ ရလာဒ်တွေကောင်းဖို့ ရုန်းကန်နေရတုန်းပါပဲ။

လီဗာပူး လို အသင်းမျိုးကနေ ထွက်ပြီး ၊ ဘာစီလိုနာ ကို ပြောင်းတော့မလို့လား? လို့ ထောက်ပြသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာပဲ လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာ ခရော့ချ် ကလဲ “ ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ တို့က အတည်ငြိမ်ဆုံး ပုံစံမျိုးမှာ မရှိသေးပါဘူး တစ်ခါတလေ ခြေစွမ်းက ယိုင်ထွက်သွားတတ်ပါတယ်။ လီဗာပူး မှာ ဆက်နေဖို့က သူ့အတွက် ပိုကောင်းတဲ့ ရွေးချယ်မှု တစ်ခုပါပဲ” လို့ ထောက်ခံသွားခဲ့ ပါတယ်။

ဝိုင်နယ်ဒမ် ဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဖ် နဲ့ ပွဲမှာတော့ ဒီရာသီ ပထမဆုံး သွင်းဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ဒါဆင် လူစားလဲခံလိုက်တာကြောင့် အသင်းခေါင်းဆောင် ရာထူးကိုပါ တာဝန်ယူသွားခဲ့တာပါ။

ပွဲကြည့်စင်ပေါ်က ပရိသတ်တွေ ကတော့ ဝိုင်နယ်ဒမ် ကို စာချုပ်သစ် ချုပ်ဆိုပေးဖို့ အော်ဟစ် တောင်းဆိုမှုတွေ ပြုလုပ်သွားခဲ့ကြပါတယ်။

ပွဲအပြီးမှာ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ နယ်သာလန် ကွင်းလယ် ကစားသမားကြီး က “ အရင် အင်တာဗျူးတွေ မှာ ကတည်းက ကျနော် အမြဲတမ်း ပြောခဲ့ပြီးပါပြီ။ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်လို့ ကျနော့်ကို မမေးကြပါနဲ့ ။ ကျနော် က ဘောလုံးအကြောင်းတွေပဲ ပြောချင်တာပါ။ အဲဒီ အကြောင်းကို ကလပ်အသင်းဘက်ကပဲ ပြောပါလိမ့်မယ်” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

အသင်းနည်းပြကြီး ကလော့ပ် ကတော့ သူ့အနေနဲ့ ဝိုင်နယ်ဒမ် အန်ဖီးလ်မှာပဲ ဆက်ရှိဖို့ မျှော်လင့်ထားတဲ့ အကြောင်း ပွဲအပြီးမှာ အခုလို မှတ်ချက်ပေးသွားခဲ့ ပါတယ်။

“ ကျနော် ကတော့ သူဆက်နေမယ်လို့ပဲ မျှော်လင့်ထားတာပါ။ အခုဆိုရင် ပွဲစဉ်တွေ တော်တော်များများကို သူက ကစားပေးနေတာလေ။ ကျနော်တို့ အကြားမှာ ဆက်ဆံရေးကောင်းတွေလဲ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်ကတော့ စာချုပ်သစ် မှာ သဘောတူညီမှု ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular